"အေး..ဝင်လာခိုင်းလိုက်လေ.."
ရဲသွေး ဒီလရဲ့ စာရင်းတွေကိုစစ်နေတုန်း လက်ထောက်ဖြစ်ရဲ့စကားကြောင့် ခေါင်းမော့ကြည့်ကာ ပြောလိုက်သည်
မိုး ဘောင်းဘီအမဲ style pantနဲ့ top အတိုအဖြူရောင်လေးကိုအောက်ကဝတ်ပီး ကြက်သွေးရောင် coteကိုထပ်ဝတ်ကာ လမ်းလျှောက်လာတာကြောင့် ဆံပင်အရှည် အကောက်လေးတွေကို လွှင့်နေပီး ဒေါက်ဖိနပ်သံနဲ့အတူ ဝင်လာခဲ့သည်
"Hello.."
"လာမိုးထိုင်လေ....ဘာသောက်မလဲ"
ရဲသွေးလဲ မိုးအားပြုံးပြကာပြောလိုက်သည်
"တော်ပါပီ ကိုရဲသွေးကို ပြောစရာရှိလို့လာတာ"
"ဟုတ်ကဲ့ ပြောပါ"
"မိုးလေ ခရီးလေးတစ်ခုလောက်ထွက်ချင်တယ်ချင်တယ်"
"ဘယ်လိုခရီးမျိုးလဲ"
"မိုးက ....ဒီကဝန်ထမ်းတွေအကုန်လုံးကိုပါ စရိတ်ငြိမ်းခေါ်သွားချင်တာ သူတို့လဲအပန်းပြေတာပေါ့"
မိုးသူအနားချဉ်းကပ်ဖို့ဆိုတာက အနေနီးမှဖြစ်မှာဒါ့ကြောင့် ဒီအစီအစဉ်ဆွဲလိုက်ရတာပါ
"အွန်းးမဆိုးဘူး ဒီကဝန်ထမ်းတွေလဲ အက်လိုခရီးမထွက်တာကြာပီဆိုတော့ ကျွန်တော်စီစဉ်လိုက်မယ်လေ"
ရဲသွေး မိုးပြောတဲ့အစီအစဉ်ကိုသဘောကျပါသည် သူ့ကုမ္မဏီက ဝန်ထမ်းတွေကိုလဲ ပျော်ပွဲရွှင်ပွဲမလုပ်ပေးတာကြာပီလေ
"တကယ်လား ကျေးဇူးပါ ကိုရဲသွေးရယ် "
မိုးသူမအကွက်ထဲရောက်လာတာမို့ နှင်းဆီလို ရဲနေတဲ့ နှခမ်းလေးက ပြုံးသွားရသည်
"မလိုပါဘူး..မိုးရယ် ကျွန်တော့်ကိုတောင်အများကြီးကူညီပေးထားတာပဲ ကျွန်တော်က ဒီလောက်တော့ ပြန်လုပ်ပေးရမှာပေါ့...."
"ဟုတ်ပါပီရှင်..အာ့ဆိုမိုးပြန်အုန်းမယ် ညကျရင်ဖုန်းပြန်ဆက်မယ်နော် ဘယ်ခရီးကိုသွားမလဲဆိုတာ.."
မိုးလဲ မတ်တပ်ထရပ်က ပုခုံးပေါ်ကျနေတဲ့ ဆံပင်တွေကို အနောက်သိုလက်လေးဖြင့်ခါထုတ်လိုက်သည်
"ဟုတ်ကဲ့ပါ ဂရုစိုက်ပီးပြန်ပါ..."
ရဲသွေးပြောလိုက်တော့ သူမက ခေါင်းညိမ့်ပြကာ ထပ်ပြုံးပြပီး ထွက်သွားသည်
YOU ARE READING
အဆိပ်ပန်း
Historical Fiction"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "