Ep1🖤

11.4K 266 9
                                    

Salend( သွေးသောက် Vampire )
Daland(လူလိုနေ Vampire )
Dolden(တသီးတသန့်နေပြီး စွမ်းအားကြီးတဲ့ vampire )

(စိတ်ကူး ယဥ်နာမည်တွေသာ)

"ကမ္ဘာဦးစက ရှိခဲ့တယ်လို့ လို့ပြောရင် အယုံကြည် လွန်ကဲနေမလား
လူသားတွေ ကြီးစိုးနေတဲ့ ညစ်ပတ်ပြီး အလိမ်အညာ တွေ ပြည့်နှက်နေတဲ့ ကမ္ဘာလို့ ဆိုရင်တော့  ဘယ်လိုထင်မလဲ

ကမ္ဘာကြီး ပေါ်မှာ အမျိုးမျိူးသော တိရစ္ဆာန်နဲ့ ရွံဖို့ကောင်းတဲ့ စိတ်ဓာတ် တွေပြည့်နေတဲ့ လူ တွေ ရှိနေပေမယ့်
ရာဇဝင်လို့သာခံယူထားပြီး ရှေးတစ်ခါက ဒဏ္ဍာရီလာ သတ္တဝါလို့ တင်စားထားတဲ့ သွေးစုပ်ဖုတ်ကောင်ခေါ် Vampire .....

သွေးစုပ်ဖုတ်ကောင် ဆိုတာနဲ့ လူတွေက အကြောက် ကြီးကြောက်ပြီး ရွံစရာလို့သတ်မှတ်ကာ ဝေးကွာအောင်နေကြတယ်
မနေလည်းမရဘူးလေ သွေးစုပ်ဖုတ်ကောင်တို့ရဲ့ ဗီဇ က လူသွေးကို သောက်ပြီး အသက် ဆက်တာကိုး ကြောက်ကြတာလည်းမဆန်းပါဘူး"

"......."

" ကိုယ်က ဟန်ဂျွန်ဒရစ်  စောန ပြောတာတွေကို သေချာမှတ်ထား "

" ဟာ သခင်လေးကလည်း ကျွန်တော်က စောနအကြောင်းတွေကို မွေးကတည်းက သိပြီးသားလေး  သခင်လေး ကျွန်တော့်ကို သင်ပေး ရမှာက သွေးတွေကို ဆာလောင် လာရင် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာလေ.."

"တော် မရှည်နဲ့ ကို ပြောတာကိုပဲ မှတ်ထား..."

"ရှီး......"

"အ့တာ ဘာဖြစ်တာလဲ..."

"ဘာ  ဘာမှ မဖြစ်ပါဘူး ဒီတိုင်း..."

"အေ ဒီရက်အတွက်က ပြီးပြီ သွားတော့..."

"ဟင် ဒါမယ့် သခင်လေး သင် ရမယ့်ဟာက ဒါပဲလား.."

"........"

"ရက်တိုင်း အ့တာပဲ သင် ပေးနေတယ် ဘာမှန်းလည်းမသိဘူး"

"တော် မရှည်နဲ့  သွားစရာရှိတာသွား..."

"ဟွန့် အ့လိုလုပ်လို့ မိန်းမမရတာ နည်းတောင်နည်းသေးတယ်   ဘုန်း.."

"တော် ....!!"

"ဟွန့်...."

-------------

ကျွန်တော်က ဂျွန်ပါ သခင်လေးတို့နဲ့ နေလာတာ နှစ် ၅၀ ရှိပါပြီ ။
ကျွန်တော် ဆင်းသက် လာတဲ့ Vampire မျိုးရိူးက အသက် ၁၀ နှစ်မှာ လူသွေးကိူ သောက်ပေးရတယ် ။ အကယ်လို့ မသောက်ခဲ့ရင် နှစ်၁၀၀ လောက် ၁၀ နှစ်အရွယ်ပဲ ဖြစ် နေမှာ
ကျွန်တော်က တော့ ခုထိ လူ့သွေးကိုမထိဖူးတာမို့ နှစ် ၅၀ လောက် ၁၀ နှစ်သားအရွယ်ပဲ ရှိနေတုန်းပေါ့။

Vampire  Manner 〘Complete  〙Where stories live. Discover now