" ဒုန်း ! ခလွမ်း!"
အခန်းတစ်ခန်းထဲက အိုးခွက်ကျကွဲသံများ..
" မမလေး ပန်းအိုးတွေ ထပ်သွားထားလိုက်ရမလား?"
"သွားမထားနဲ့တော့ ငါကိုယ်တိုင်သွားမယ်
မဟုတ်ရင် ကလေး
ပန်းအိုးတွေ ခွဲပါများရင် လက်တွေနာပြီး အိုးစတွေ ရှမိကုန်မယ်"" ဒါမယ့် မမလေးသွားရင် မမလေးကို ထိခိုက်အောင်လုပ် ရင်ကော?"
" ငါထိခိုက်ရင်?
အဟက် မလိုဘူး ငါ့ကလေး မထိခိုက်ရင်ပြီးပြီ ငါသွားမယ် ""ဟုတ် မမလေး"
"ပြီးတော့ အိမ်တော်ဆီ သွားပြီး မမလေးနဲ့ သခင်လေး မလာနိုင်တော့ဘူး ပြောလိုက်
နင်တို့ရဲ့ သခင်ကြီးကို""ဟို မမလေး..."
"ဘုန်း!"
"အရစ်မရှည်နဲ့ သွားတော့.!"
"ဟုတ်"
ဂျိုး အခန်းထဲ က ထုသံတွေကြောင့် သူ့ရဲ့ အနီးကပ် ဆုံး အစေခံကို အမြန်ထွက်သွားခိုင်းလိုက်တော့သည်
ထို့နောက် သက်ထားရှိတဲ့ အခန်းထဲကို ဝင်သွားတော့၏အခန်းကလည်း မှောင်နေပြီး မီးရောင်မှိန်မှိန်လေးသာ ရှိသည်
အခန်းထောင့်ရဲ့ အစွန်လေးမှာ ကွေးပြီးနေနေတဲ့ သူ့ရဲ့ အသက် ညှာက်ုကြည့်ပြီး ဂျိုးသက်ပြင်းချလိုက်သည်" ကလေးရယ် မမကို မကြောက်ပါနဲ့ မမက ကလေးကို နာကျင်အောင်လုပ်မှာမဟူတ်ပါဘူး..
အဟက် အခုလည်း ငါ့ကြောင့် ကလေးနာကျင်နေရတာပဲ"ဂျိုးထိုသို့ရေရွတ်ပြီး သက်ထားနား ကို သွားပြီး ပွေ့ချီလိုက်သည်
သက်ထားကတော့ ပင်ပန်းနွမ်းနယ်နေတာကြောင့် မသိတော့" ကလေး မင်းတို့ကို ကြောက်လန့်နေမယ့်အစား တို့အသက်ကိုပဲ နုတ်ယူလိုက်ပါတော့
ပြွတ်စ် ..
ချစ်တယ် ကလေး"ထို့နောက် အိပ်ရာပေါ်ကိုအသာလေးတင်ပြီး စောင်ခြုံကာ စက္ကန့်မလပ် သက်ထား ကိုစေ့စေ့စိုက်ကြည့်နေလိုက်တဲ့ ဂျိုး...
×××××××××××××××××××
" တောက်စ်!
အကိုကလည်း အကို ညီမကလည်း ညီမ
အဖေစကားကို တစ်ယောက်မှ နားမထောင်ကြဘူး"