"လက်ထပ်တယ်-"
"အင်"
သိမ် တစ်ယောက် ဒေါသထွက်လာပြီး အသားတွေ တောင်တုန်နေပြီဖြစ်သည်။
သူ့ဘဝက သူများကြိုးကိုင်ဖို့အတွက် ဖြစ်တည်လာတာလား။သူ့ရဲ့အကျင့်သိက္ခာတွေက သူများစကားတွေ နဲ့ တိုင်းထွာလို့ရလား။ သူကလည်း သူများ ရဲ့ လွယ်လင့်တကူ ပြောထွက်တဲ့ စကားတွေနဲ့ပဲ တန်သလား။" လက်ထပ် မယ် " ဒီစကားက သူ့အတွက်သီးသန့်မရှိခဲ့သလို သက်လည်းမသက်ဆိုင်ခဲ့ တစ်ချိန်က သူဒီစကားက်ို တစ်စူံတစ်ယောက်အတွက် ရည်ရွယ်ပြီး တွေးထားခဲ့ပေမယ့် မထင်မှတ်ပဲ သူ့အတွက် ဒီ စကားကနေ အတိတ်ဆိုးတွေ ဖြစ်သွားတာကြောင့် သူ့အတွက်အရမ်းကို အဓိပ္ပာယ် မရှိစေတဲ့ စကားလုံးပင်
သိမ်သူ့ကိုယ်သူတွေးမိရင်း ဝမ်းနည်း ရပြီး ရှက်တယ်။ သူ့ဘဝမှာ တစ်ချိန်တုန်းက ချိုးရိုက်ခံခဲ့ရတဲ့ သိက္ခာတွေက ခေါင်းထဲ တစ်စုထဲ ကုန် ဝင်ရောက်လာသည်။ သူ့ဘဝအတွက်သူကောင်းကောင်းမွန်မွန် မဖြတ်သန်းနိုင်ခဲ့ပေမယ့် သားအတွက်တော့ သိမ်သူဖခင်ကောင်းတစ်ယောက်ဖြစ်ချင်သေးသည်။
အဓိကက အဲ့လိုဖြစ်အောင်လုပ်ခဲ့တဲ့ လူနဲ့ လပ်ထပ်ဖို့ စ်တ်ကူးဖူးတာမို့" လက်ထပ်" ဆိုတဲ့ စကားလုံးကို ကြောက်နေမိတယ်။
ဒရစ် တစ်ယောက် သူ့ကို မော့ကြည့်နေတဲ့ လူသေးသေးလေးကိုကြည့်ပြီး ဝါးစားမတက်လောက်အောင် အသဲယားနေပြီ
ပြူးကြည့်နေတဲ့ မျက်လုံးတွေကိုလည်းကုတ်ဖဲ့ ချင်စိတ်က ထိန်းမရ" အစ်ကို ဘာပြောလိုက်တာလည်း?"
" ကို့ကို လက်ထပ် ဖို့လေ.."
" ဖြောင်း..!"
ဒရစ်ကို မမှီတမှီ ပါးရိုက်လိုက်တဲ့ သိမ်....
အားထည့်ပြိးရိုက်လိုက်ပေမယ့် ကွာခြားလွန်းတဲ့အရပ်ကြောင့် လက်ဝါးက ဒရစ်ပါးပေါ် အကုန်မကျပဲ လက်ချောင်းတွေနဲ့သာ ထိပြီး သိမ်ရဲ့ လက်သည်း နည်းနည်း ရှည် တာမို့ မမှီတမှီနဲ့မို့ ထိအောင် ရွယ်ရင်း ကုတ်ပါကုတ်မိသွားသည်။"......"
ဒရစ်ပါးကနေ သွေးတွေ စိမ့်ထွက်လာတာကို သိမ်မြင်ပြီး မတုန်မလှုပ်ပဲ