သိမ်တို့ သွား နေတဲ့နေရာကို သိမ် ရင်းနှီး တယ်လို့ ခံစား နေမိသည်၊၊" ကိုမင်း
အခုသွားနေတာ ဘယ်နေရာလည်း"" သိမ်ရယ် အဖွားတို့ရဲ့ အငွေ့အသက် တွေ ရှိခဲ့တဲ့နေရာလေး"
ရဲမင်းညိုက ထိုသို့ပြောပြီး ပြုံးပြနေသည်၊၊
သိမ်ထိုနေရာကိုပြန်ရောက်သွားမှာ ကြောက်နေတာအမှန်ပင်၊၊ကားက ခြံဝင်းထဲရောက်လာတော့ ကားကိုထိုးရပ်ပြီး
" သိမ် လေး အပေါ်တက်နှင့်နော် ကိုလာခဲ့မယ်"
သိမ်လည်း အရင်က အဖွားနဲ့အတူနေခဲ့တဲ့အိမ်လေးကို မျက်ရည်ဥ တွေနဲ့ ဝေ့ကြည့်ရင်း အမှတ်တရများစွာကို အတွေးစုကာ အိမ်ပေါ်ကိုတက်သွားတော့သည်၊၊
အနောက်က လူကတော့ ညစ်ကျယ်ကျယ် အပြုံးဖြင့်
အိမ်ပေါ်ရောက်တော့ အားလုံး ကသူတို့နေခဲ့တဲ့ အတိုင်းလိုပင်
" သိမ်လေး ဖွားဖွားကို သတိရနေလား"
အနောက်ကနေ သိမ်ခါးကို ဖက်ရင်းဆိုလာတော့ သိမ်လည်းလန့်သွားကာ အတင်းရုန်းထွက်ပြီး
" လွတ် လွတ် ပါ
သိမ်မကြိုက်ဘူး စကားကို အေးဆေးပဲ ပြောကြမယ် ကိုရဲမင်းညို""ဟားဟား ဟူတ်ပါပြီဗျာ.."
သူတိူ့ သစ်သားခုံပေါ်ထိုင်ရင်း
" ဟို့နေ့ သိမ်တွေ့ခဲ့တဲ့ သူက အကို့ရဲ့ အမွာ အကို ဒွန်တဲ့"
" ဗျာ.!
အကို့မှာ အမွာ အကိုရှိတယ်..
သိမ်လည်းမသိရပါလား"" ဟူတ် တယ် ကို့ရဲ့ အကိုက အေးအေးဆေးဆေးပဲ နေတက်တာ ၊အပေါင်းသင်းလည်းမရှိဘူး၊ အပြင်ထွက်ရင်တောင် အကို့အစားပုံစံနဲ့မှ ထွက်တာ"
" ဟင် အဲ့လိုကြီးလား"
" ပြီးတော့ သူက သိမ်လေးအကြောင်းကို သိတယ် ကိုနဲ့အရမ်းရင်းနှီးလို့တဲ့လေ"
"အော"
" ပြီးတော့ သူက လိုချင်ရင်ရအောင်ယူတက်သေးတာ"
သိမ်အနည်းငယ် လန့်နေမိသည်၊၊
ပြောနေတဲ့ သူကလည်း လေသံအေးအေးဖြင့် ပြောနေတာမို့ ကြက်သီးပင် ထသွားရသည်၊၊