မနက် ရောက်တော့ ဒရစ်ဖုန်းကိူစစ်တာ ဂျိုးဆီကနေ massage ကိုရသည်။
condo ကိုအရစ်ကျနဲ့ ပေးနေကျပဲမို့ အရေးတယူ မလုပ်ပဲ လက်ခံ လိုက်သည်။အိပ်ယာထဲမှာ လှဲနေရင်း လုံးလုံး လေးရဲ့
ဒယ်ဒီလို့ ခေါ်သံကို ကြားချင်မိသည်။" ကလေးတွေ ဘယ်တွေ ရောက်နေတာလဲ.."
-------------
ဂျွန်ရဲ့ စက်ဝန်းက မကြာခင် ရောက်လာတော့မှာ မို့ သူနေရထိုင်ရတာ မသက်သာ
တစ်ချက်တစ်ချက် စိတ်လွတ်ပြီး သူတို့ရဲ့ မူလပုံစံကို ထုတ်ထုတ်နေမိသည်။ကျင့်စဥ် တွေကို ပြန်ကျင့်ရင်း ကိုယ်ရနံ့နဲ့ ထိန်းချုပ် ကာ စိတ်မလွတ်ဖို့ ညတိုင်းလိုလိူ ကြိုးစားနေရသေးသည်။
ဂျွန် သော်ရှိန် ကို သွားတွေ့ဖို့ လည်း မနက်ကတည်းက လောနေတာကြောင့် သူတို့ကိုယ်ရနံ့ကို ဖူံးဖို့ မေ့နေခဲ့သည်။
ကားစီးပြီး Flat ကုန်တိုက် ကိုသွားပြီး ညက တောင်းထားတဲ့အတိုင်း ဒရစ်ရဲ့ အတွင်းရေးမှူး သော်ရှိန်ကို ခေါ်ဖို့ သွား လိုက်သည်။
ကုန်တိုက်က လူလည်းစုံသလိူ Salend တွေ ရဲ့အနံ့လည်းရတာကြောင့် ဖမ်းချင်ပေမယ့် သူ့ရဲ့ သော်ရှိန် လောက်အရေးမထားတော့တာမို့ အပေါ်ထက်ကို တက်သွားလိူက်သည်။
" သော်. ."
" ......"
" ဟော ကို့ကို စကားပြောပါဦး သော်ရဲ့.."
" အလုပ်လုပ်နေတယ် လာမရှုပ်နဲ့.."
" အလုပ်ကရှိလို့လာ ရှယ်ယာ ရှင်တွေရဲ့ စာရင်း ကို စုရုံပဲနဲ့ လာ ကိုနဲ့ တစ်နေနေရာကို သွားရအောင်.."
" ဂျွန် ကို အလုပ်ချိန်ကြီးနော် ကြီးကြပ်နေ.."
" လိုက်မှာသာလိုက်ခဲ့ အလုပ်ချိန်မကလို့ သေခါနီးဖြစ်ဖြစ် လိုက်ဆိုလိုက်ခဲ့.."
"ဂျွန်..!!"
သော်ရှိန်လည်း စာရင်း ကိုစုရာကနေ ဆွဲခေါ် ခံလိုက်ရပြီးဂျွန် အနောက်ကို လိုက်သွားရတော့တယ်
" ဂျွန် ကို့လက်နာတယ် လွတ် ဦး ဂျွန်..!"
ဂျွန်ကတော့ ဘာမှမသိ သူညက စီမံထားတဲ့ ဟာတွေကို သော်ကိုပြဖို့ မစောင့်နိုင်တော့တာမို့ လောနေသည်။