သခင်ကြီး သိမ်းခတ်ကို ခေါ်ထားပြီး ဆက်လုပ်ရမယ့်ဟာကို ဆက်လုပ်ရင်းနေလေသည်၊၊
ဒရစ်ကတော့ ဒွန်ရှိလောက်မယ့်နေရာကို စုံစမ်းရင်း Salend တွေကိုအငြိုးနဲ့ လိုက်သတ်နေသည် ၊၊
ဂျွန်ကတော့ စက်ဝန်းကို နှစ်လ ဒရစ်ကျေးဇူးကြောင့် နှစ်လကျော် ရွေ့လိုက်ရလေသည်၊၊
ဒရစ်ကတော့ နေ့ရက်တိုင်းသိမ်ပျော်အောင်၊စ်တ်ချမ်းသာအောင်၊အပြုံးလေး ဝေနေအောင် ထားပေးသည်၊၊
ခရီးတွေသွားတယ်၊ သိမ်အရမ်းဖြစ်ချင်တဲ့ အရာတွေကိုလည်း ဖန်တီး ပေးတယ်၊၊
အခုဆို ရင် သိမ်မှာ ပန်းခင်းမှာ ရိုက်ထာတဲ့ ဓာတ်ပုံ တွေ၊ သူ့အတွက် သီးသန့်စိုက်ထားပေးတဲ့ ပန်းခင်းတွေနောက်ထပ် " အတိတ်ကို မေ့ပြီး ကိုနဲ့တူတူ ပျော်ပျော်ရွှင်ရွှင် နေကြမယ်နော်" ဆိုတဲ့ ဒရစ်ရဲ့ စကားကိုလည်း ရက်တိုင်းလိုလိုကြားရလာသည်၊၊
တစ်နေ့...
"ဒုန်း! အ့!"
သိမ် ဒရစ်မရှိတုန်း အပြင်ကို သွားရင်း လမ်းတစ်လျောက်မှာ စိုက်ထားတဲ့ ပန်းပင်တွေဆီ ဦးတည်လျောက်သွား ရာ
တစ်နေရာကနေ ပေါက်ကွဲ သံတွေ ထွက်လာတော့ လန့်ရင်း အော်မိသွားသည်၊၊သူထိုနေရာကိုကြည့်တော့ သူ့ဆီကို ဦးတည်လာနေတဲ့ အရိပ် တစ်ခု၊
သူရင်းနှီးတယ် ဒီအရိပ်ကို သို့သော် ဝေခွဲမရတဖြည်းဖြည်းသူ့အနားကို ရောက်လာပေမယ့် နေရောင်ကြောင့် သဲသဲကွဲကွဲ မမြင်ရသေး
" ဘာဖြစ်သွားသေးလည်း"
"ဘာမှ မဖြစ်ပါဘူး ဒီတိုင်းလန့်သွားရုံလေးပါ"
" ဟက်ဟက် မင်းက အရင်တိုင်းရိုးအ နေတုန်းပဲ"
"ဗျာ "
သိမ်သူ့နားကို ရောက်လာပြီး ပြောနေတဲ့စကားကြောင့် ကြောင်အသွားသည်၊၊
နေကပူပြီး စူးနေတာမို့ မျက်နာကို သိပ်မမြင်ရ၊၊" ဇွန်ထက်သိမ် ဟုတ်တယ်မလား"
" ခင်များ ကျွန်တော့် နာမည်ဘယ်လိုသိတာလည်း ပြီးတော့ ခင်များ ဘယ်သူလည်း"