နောက်တစ်နေ့ မနက်ကျတော့အရာအားလုံးအဆင်ပြေတယ်လို့ ဆိုပေမယ့် အဆင်မပြေတာက ဒရစ်နဲ့ဂျွန်ဂျွန်လည်း အခန်းကနေ ဘယ်မှ မသွားချင်ပေမယ့် သခင်လေးအခန်းထဲကို လာလိုက်သည်
အခန်းထဲရောက်တော့ နှစ်ယောက်လုံး စိတ်မကြည်နေတာကြောင့် စကားမပြောပဲ ဆိုဖာ မှာထိုင်နေကြသည်
ထို့နောက် ဂျွန်ကပဲမနေနိုင်တော့ကာ" ကျွန်တော် သိချင်တာရှိလို့ ..",
"ပြော.."
ဒရစ် ဖုန်းကိုသဲကြီးမဲကြီးကြည့်ရာကနေ ပြင်ပြီး စကားလက်ခံလိုက်ရော
ဂျွန်လည်း အားတက်သရော နဲ့ ဒရစ်ကိုကြည့်ကာ" သခင်လေး ချစ်ဖူးလာ..?"
" မင်း ငါနဲ့နေလာတဲ့ သက်တမ်းမှာ ငါရည်းစားထားတာတွေ့ဖူးလို့လာ..?"
"ဟုတ်သား ရည်းစား က ထားပါ ဒါနဲ့ နမ်းဖူးလာ.."
"အဟွတ်..အဟွတ်..အဟွတ်.."
" ဘာ ဘာဖြစ်တာလဲသခင်လေး အဆင်ပြေလာ.."
ဂျွန်ရဲ့ စကားကြောင့် ရေမသောက်ပဲ တံတွေးတောင်သီးသွားတော့တယ် ရည်းစား မထားဖူးပါဘူးဆိုမှ နမ်းဖူးလားဆိုတော့ ဒရစ်လည်း ဖြေစရာမရှိ
" မင်း မင်း ဘာပြောတယ်.."
".....",,
ဒရစ်လည်း ဂျွန်ကို စောင်းကြည့်ကာ မျက်လုံး မေးခွန်းတွေ ထုတ်လျက်
" ကျွန်တော် သိချင်တာ အချစ်က ဘယ်လိုမျိုးလဲ ပြီးတော့ ဆက်ဆံရေးတိုင်းက အချစ်ဆိုတာလိုလို့လားပေါ့ အဲ့တာ သခင်လေးများသိမလားလို့.."
ဒရစ်လည်း အချစ်ရေးဆို ဝေးလာဝေးအောင် ကွာဝေးတာကြောင့် သူလည်းမသိ
အချစ်ကြောင်းကို ယောက်ျားလေးနှစ် ယောက် မျက်နာချင်းဆိုင်ပြီး ဆွေးနွေးတာတော့ ကြည့်ရတာ နည်းနည်း ကြောင်စီစီနိုင်ပေမယ့် မလွဲသာပြီးတော့ နှစိယောက်လုံးက အသက်သာရာနဲ့ချီပြီးရှိတာယခုထိ အချစ်ကို ဘာမှန်းမသိသေးတာကြောင့်ပိုတိုင်ပတ်နေတော့တယ်
" ငါလည်း မသိဘူး မင်းသိချင်ရင် သခင်ကြီးကိုသွားမေး.."
"ဟာ သခင်လေးကလည်း.."