သိမ် ဆီကအဖြေရတယ်မရတာကိုသူမသိတော့
နောက်မနက်အတွက် သိမ်ကိုဖြည့်ဆည်းပေးနိုင်ဖို့ကိုသာအတွေးရောက်နေမိတယ်" ကို ကိုရေ..
ထမင်းစားလို့ရပြီ လာတော့"ဒရစ် ဖုန်းတစ်လုံးနဲ့အလုပ်ရှပ်နေတုန်း သိမ်ခေါ်သံကြားတော့ ဖုန်းကိုချပြီး မီးဖိုခန်းထဲကို ဝင်လာပြီး
"လာကို ကိုကြိုက်တဲ့ ကြက်သားကို ဆီပြန်ချက်ထားတယ်
ကိုနဲ့ သားလေးရဲ့ အကြိုက်ကတူတော့ သိမ်မှတ်ရလွယ်တယ်
ပြီးတော့ အကိုတို့က အသီးအရွက်ကိုတော့ မကြိုက်ကြဘူးလေ"ဇွန်းကို ဟိုမြောက်လိုက်ဒီမြောက်လိုက်နဲ့ ပါးစပ် ကလည်းတပြောပြောနဲ့ လုပ် နေတဲ့သိမ်ကိုကြည့်ပြီး ဒရစ်ခါးထောက်ကာ
" ကိုဘာပြောထားလဲ သိမ်"
"ဟင် ဘာကိုလည်း"
"ကျစ် နောက်ထပ် မီးဖိုခန်းကို မဝင်ဖို့ပြောထားတယ်လေ"
" အော အဲ့တာက ဘာဖြစ်လည်းကိုရယ်
သိမ်က ချက်ပြုတ် ရတာအကျင့်ဖြစ်နေပြီ
ထားလိုက်တော့ လာထမင်းစားမယ်""တော်! ကိုမစားတော့ဘူး"
" ဟော တနေကုန်ဘာမှလည်းမစားရသေးဘူးမလား "
".....",,
သိမ်ပြောနေပေမယ့် ဒရစ်ကတော့ အခန်းထဲကို ဝင်သွားလိုက်တော့သည်
" ငါ သူ့ကိုရီမိလို့များ အခုလို ဖြစ်တာလားမသိဘူး"
သိမ်လည်း သူထင်တာသူတွေးပြီး နို့တစ်ခွက်ကို သောက်လိုက်သည်
ထို့နောက် နို့ပူပူတစ်ခွက်ကို ယူပြီး ဒရစ်ရှိတဲ့အခန်းထဲကိုယူသွားတော့သည်---------------
သိမ်းခတ်တစ်ယောက် Condo မှာကျန်ခဲ့ပြီး ထားခဲ့ပေးထားတဲ့ အကူတွေကို အကုန်ခေါ်လိုက်သည်
" သိမ်းခတ် မနက်မထခင်အချိန်ထိ ဆူညံ သံတွေမကြားချင်ဘူး
သိမ်းခတ်ပါးပါး လုပ်နေကျအသံနဲ့မတူရင် စိတ်ရှုပ်လို့"အကူတွေ ဆယ်ယောက်ထားပေးခဲ့တာမို့အကုန် ရပ်နေကြပြီး သိမ်းခတ်စကားကို နားထောင် နေကြသည်
သူတို့ အိမ်တော်မှာ နေတုန်းက သူတို့သခင်လေး ဂျွန်ပြောခဲ့တဲ့စကားလုံးတွေလိုပင် နာခံစိတ်က အလိုလိုဝင်လာရတော့
တော်တော်လေး တုန်လှုပ် မိသည်