သိမ် ကြောက်ကြောက်ကန်ကန်ဖြင့် အခန်းထဲကို ပြေးဝင်ပြီး အဝတ်စားသိမ်းဖို့ စိတ်လောနေကာ အဝတ်စားတွေကို ထည့်နေသည်၊၊" သိမ် ကလေး"
"..."
သိမ်ထိုချိန်မှ ဒရစ် လဲအိပ်နေတာကိုသတိရသွားကာ လန့်ပြီး အဝတ်စားကြာဝင်နေမိသည်၊၊
ဒရစ် အစောက သိမ် အော်ပြောတာတွေကိုကြားပြီး စိတ်ထဲမကောင်းကာ ငိုမိတော့မယ့်အထိပင်
" သိမ် ကိုလေ သိမ်ရဲ့ ကိုကို "
ဒရစ် ရဲ့ အသံမှာ ငိုသံစွက်ပါနေလေသည်၊၊
" ဟင့်အင်း ကိုကို မဟုတ်ဘူး"
"အ့! သိမ် ကိုသိမ့်ကို ဘာမှ ထိခိုက် နာကျင်အောင်မလုပ်ပါဘူး"
"......"
" ကိုက သိမ်ကို ချစ်တဲ့သူလေ သိမ်ရဲ့"
"ကို"
သိမ် ငိုနေတဲ့ ဒရစ်ကိုကြည့်ပြီး ရင်ထဲကနေ အလိုလိုလှိုက်တက်လာတဲ့ ဝမ်းနည်းခြင်းတွေ ဝင်ရောက်လာသည်၊၊
ဒရစ်က သူ့ကို လဲနေရင်း လက်ကမ်းနေသည်၊၊
ပြီးတော့ ငိုနေတဲ့ ကိုကိုက တခါမှ သူ့ကို နာကျင်အောင်မလုပ်ဖူးတဲ့သူ ၊၊
သူ့ကို ပျော်ရွှင်အောင်ထားပေးတဲ့သူ၊၊" ကို သိမ်ကြောက်တယ်"
"သိမ်က ကို့ကို ကြောက် တယ်ဆိုတော့ ကိုရင်ကွဲရပြီပေါ့ သိမ်ရာ"
" ကိုကိုက လူမှမဟုတ်တာ"
" ဒါမယ့် ကလေးကို ချစ်တယ်လေ
ကို့ဘဝ မှာ မင်းကိုအချစ်ဆုံးပဲ ၊
အဲ့တာကြောင့်လည်း ဒီအရာတွေကို တစ်ချိန်လုံး ဖူံးကွယ်ခဲ့တာပေါ့ "ဒရစ် အသံပင် မထွက်ချင်တော့၊ကမ်းထားတဲ့လက်တွေကို အားယူရင်း
" လာပါ ကလေး ကို့နားကိုပဲ လာပေးပါ
ဘယ်မှ မထွက်ပြေးချင်ပါနဲ့"" ဟင့်အင်း "
" သိမ် ကို့ကို ယုံပါကွာ လာပါ ကိုခနလောက် ဖက်ထားပါရစေ"
"......"
သိမ်ခနလောက် စဉ်းစားမိပြန်သည်၊၊
ဒရစ် သူ့ကို နာကျင်အောင်မလုပ်မှာတော့ သူတွေးမိလာသည်၊၊