သူလည်း သတိထားမိတာ များလွန်းနေပြီလို့တွေးကာ" ကျစ် စိတ်ရှုပ်စရာ လူသားတွေ .."
ရေရွတ်ပြီး ပြန်လာလိုက်သည်။
--------
သိမ်သူနိုးလာတော့ သူ့ကို စိုက်ကြည့် နေတဲ့ သားလေးကိုအရင်တွေ့လိုက်တယ် သားကိုမြင်တော့မှ ရင်ထဲက အပူလူံးကြီးကျသွားပြီး မျက်ရည်တွေကလည်း ပြန်ကျလာသည်။
"သားရယ် သားဘယ်တွေ သွားနေတာလည်း ပါးပါးကို လိုက်ရှာရအောင်လုပ်ရသလား.."
သားလေးကို သိမ်းကြုံးဖက်ပြီး အားရပါးရ ငိုနေမိသည် သားလေးကလည်း သူ့ကို ပြန်ဖက်ပေးပြီး
" တားက ဦးဦးနဲ့ လိုက်ယာတာ.."
" ဟင် ဦးဦး.."
သိမ်လည်း အခုမှ အရာအားလူံးကို ပြန်တွေးမိကာ သူ့ကိုရပ်ကြည့်နေတဲ့ လူကိုကြည့်လိုက်မိသည်။
" ဟင် အကို.."
" အဆင်ပြေရဲ့လား သိမ်လေး..?"
--------------
ဂျွန် သူ ဒီည bar မှာပဲ အချိန်ကုန်အောင် နေဖို့ တွေးထားသည် သခင်လေး စာပို့ ထားတာတောင် မကြည့်။
" အချစ် ဘာအချစ်လဲ နမ်းတာများ အချစ်က လိုသေးလို့လာ.."
အရက်ကိုသောက်လိုက် ရေရွတ်လိုက်နဲ့ တစ်ယောက်ထဲ ပြူမူနေသည်။
" ကောင်မ ဟို့မှာ တွေ့လာ "
"....."
"အဲ့တာ ဒီ Bar ပိုင်ရှင် မမိုက်ဘူးလာ.."
ဘေးဝိုင်းက မိန်းကလေး သုံးယောက် နဲ့ ယောက်ကျားလေး နှစ်ယောက်ဝိုင်းကနေ ထွက်လာတဲ့ အသံ
ထို့နောက် ထို ဝိုင်းထဲက ပိုးအိမ့်မူ ဆိုတဲ့ မိန်းကလေး တစ်ယောက်က အရက်ခွက်ကိုင်ရင်း ကြည့်လိုက်သည်။" အဟမ်း ကြည့်ရတာ မနူးမနပ် လေးရုပ်ပဲ.."
"ဟေ့ဟေ့ ဘယ်လိုလဲ ဇယားလာ"
" စောင့်ကြည့်လိုက်.."
သူငယ်ချင်း ရဲ့ အပြောကို လက်ပြကာ တစ်ယောက်ထဲ ထိုင်သောက်နေတဲ့ Bar ပိုင်ရှင် ဆိုတဲ့ လူဆီကိုသွားလိုက်သည်။
![](https://img.wattpad.com/cover/352300098-288-k703323.jpg)