"သော်!"
"ဟင် ဂျွန်?"
ဂျွန်သော်နဲ့ ထိုနေ့ကနောက်ဆုံးတွေ့ရပြီး ထပ်မတွေ့ရတာကြောင့် သော်ရဲ့ Condo ကိုလိုက်သွားခဲ့တယ်။
ဒါမယ့် Condoမှာလူမရှိတာမို့ ပြန်လာလိုက်ရတယ်
တစ်ပတ်ကြာတော့ သော်သူ့နာမည်ကို ခေါ်လိုက်တာကြောင့် တွေ့ချင်တဲ့စိတ်နဲ့ မြန်မြန် လေးသော်အနားကိုရောက်သွားတော့တယ်။သူရောက်သွားတော့ သော်က ဆေးလိပ်ကိုလက်ကြားညှပ်ပြီး လူသူကင်းနေတဲ့ ရေေချာင်းနံဘေးမှာ ထိုင်နေတယ်။
သော်လည်း သူ ပိုးနဲ့ ပြတ်ပြီး စိတ်အခြေအနေမကောင်းတော့တာမို့ တစ်ယောက်ထဲ အေးအေးလူလူ နေချင်တာနဲ့ လျောက်သွားနေခြင်း
သူရေကို မြင်တော့ ရေဘေးနားက တိုက်နေတဲ့လေတွေက စိတ်ကို အေးချမ်းစေတာကြောင့် ပါလာတဲ့ ဆေးလိပ်ကို ထုတ်ပြီး သောက်ကာ မြက်ပေါ်ထိုင်နေလိုက်တယ်။
သူရေကိူ ကြည့်ရင်း ဂျွန် သူတို့ ကမ်းခြေခေါ်သွားတုန်းက ချီသွားတာတွေ ကို အသေးစိတ်ပြန်မြင်ယောင်လာတာမို့
ရင်တွေခုန်မိကာ ဂျွန်နာမည်ကို အသံထွက်ရေရွတ်လိုက်မိတော့သည်။သော် ဂျွန်ရဲ့အသံကို ကြားတော့ မြန်မြန် လှည့်ကြည့်မိတော့ မတွေ့တာကြာတဲ့ ဂျွန်ရဲ့ မျက်နာက ပိုပြီးတည်ကြည်ကာ ကြည့်ကောင်းနေသည်
။အင်ကျီ ကို အနောက်တိုင်း ပုံစံပဲ ဝတ်တက်တဲ့ ဂျွန်က အရမ်းကို ခံ့ညား လွန်းနေသည်" သော် ဘယ်တွေသွားနေတာလည်း
ကို့မှာ ရှာရတာ မောနေတာပဲ""ဂျွန်"
သော် သူ့ကို ရှာနေတယ်ဆိုပြီး ပြောကာ သူ့နားတဖြည်းဖြည်းလာတဲ့ ဂျွန်ကိုကြည့်ပြီး ဝမ်းနည်းသလိုလို ဖြစ် ကာ မျက်ရည်ဝဲနေမိသည် ဂျွန်လည်း တတွတ်တွတ် ပြောရင်း သော်နားကိုသွားကာ
" ဟုတ်တယ် ကိူ"
" ဂျွန်"
သော်ရဲ့ နောက်ဆုံးအသံက တိမ်ဝင်သွားတော့သည်
ဂျွန်လည်း သော်အသံကြောင့်ကပျာကယာ သော်ရှေ့မှာ ဒူးထောက်ချကာ" သော် သော် ဘာဖြစ်တာလည်း နေမကောင်းဘူးလာ? ဟင် "
ဂျွန် သော်ရဲ့ လက်ကိုကိုင်ပြီး ဟိုဘက်ဒီဘက် လှည့်ကာ မေးတော့