ဒရစ်သူ ဂျိုးဆီရောက်သွားခဲ့သည်၊၊
သို့သော် မျက်နာများမကောင်းတာတွေ့တော့
စိတ်ထဲ မတင်မကျ.." ဟိုမိန်းကလေးကော"
" အခန်းထဲမှာ"
" ငါ မေးစရာရှိလို့ စကားပြောလို့ရမလား?"
ဂျိုးကတော့ သက်ပြင်းချ ကာ
" ပြောကြည့်ပေါ့"
ဆိုပြီး အခန်းထဲကို သွားလိုက်သည်၊၊
အခန်းထဲရောက်တော့ အိပ်နေတဲ့ သက်ထားကိုအသာလေး လှုပ်နိုးကာ" ကလေး ကလေး"
"........"
သက်ထားကလည်း အရင်ကလို သိပ်အခြေနေမဆိုးတော့ သိပ်မကြောက်တော့ပေ၊၊
လှုပ်နိုးနေတဲ့ ဂျိုးဘက်ကို အသာလေးလှည့်ကာ" အင် မမ"
" ဟို ဟိုလေ
မမရဲ့ ကိုကိုက ကလေးနဲ့ ပြောစရာရှိလို့တဲ့""ရှင်"
သက်ထား လန့်နေသည်၊၊
အစ်ကို ဆိုကတည်းက ဂျိုးနဲ့ တူတူပဲဆိုတဲ့အတွေးက ဝင်လာတော့ တုန်လှုပ် သွားသည်၊၊
ပြီးတော့ ပြောစရာရှိတယ်ဆိုတော့ မည်သည့်အကြောင်းဖြစ်မလည်းဆိုတာကို တွေးရင်းကြောက်စိတ်ပိုလာသည်၊၊"ဟင့်အင်း သက် မသွားဘူး သက်ကြောက်တယ်"
ငိုသံနဲ့ ပြောနေတဲ့ သက်ထားကို ကြည့်ပြီး ဂျိုးစိတ်မကောင်း၊၊
" ကလေး မမကိုကြည့်"
"......."
" မမတို့က ဒီလို လူသားမဟူတ်တာ မှန်ပေမယ့် ကလေးတို့အပေါ်မှာတော့ ဘာမှ မလုပ်ပါဘူးကွယ် "
"......"
" မမကို ယုံတယ်မလား"
သက်ထား သူ ဂျိုးကို ချစ်သည်၊၊
အရင်က ကြောက်လွန်ပြီး ခါးခါးသီးသီး ငြင်းထားတာကိုလည်း လက်ခံသည်၊၊
သို့သော် ဘဝမှာ မကြုံဖူးတဲ့ အရာတွေကိုတော့ မြန်မြန် လေး လက်သင့်မခံနိုင်၊၊" မမ"
"အင် ပြောလေ ကလေး"
" တကယ် ဘာမှ မလုပ်ဘူးမလား
ဟို သက်ကို တစ်ခုခု"" ကလေး !
ကလေးကို မမ ပြောထားပြီးသား
ဘာမှ မကြောက်ဖို့ကို ပြီးတော့ မမက ကလေးကိုချစ်တဲ့သူ ၊ မမ ဘဝနဲ့ ကျိန်ပြီးအာမခံတယ်"