Ep4🖤(Z)

887 13 0
                                    


မနက်ရောက်တော့ ဇွန်ထက်သိမ်က သားလေးကို မူကြိုပို့ပြီး သူတော့ အလုပ်သွားဖို့ ပြင်ရသည်

"သား ကျောင်းမှာ တအားကြီးမပြေးရဘူးနော် ပြီးတော့ ဘယ်သူဘာပြောပြောပြန်မပြောရဘူးနော်.."

"ဟုတ်.."

"အူမွ လိမ်မာတယ် ပါးပါးသားလေးက .."

"အာဘွား.."

သားဖ နှစ်ယောက် အပြန် အလှန် အနမ်းတွေ ပေးပြီးသားလေး မူကြိုထဲ ဝင်သွားတာကိုကြည့်နေတော့သည်

ဇွန်ထက်သိမ်က သားလေးကို ကိုယ်တိုင် ဝမ်းနဲ့ လွယ်မွေးထားတာကြောင့် ပတ်ဝန်းကျင် ရဲ့ အတိုက်အခိုက်ကိုလည်း ခံရသည်

သူ့အတွက်က ဘာမှ မပူပေမယ့် သားလေး ကို ကျောင်းမှာ အမေ နာမည်တွေ မေးရင် သားလေးကို သနားတာရယ် သားလေး မျက်နာငယ်မှာကိုတော့ စိုးရိမ် ရတယ်

သားလေး ပြောဖူးတယ်" သား မှာ မေမေမရှိဘူးလားတဲ့"
ပြန်ပြောမယ့်စကားမရှိတဲ့ အချိန်တွေမှာ သားလေးမျက်နာလေးကိုကြည့်ပြီး သားကို လိမ်ပြောရနေတာကလည်း အမြဲတမ်း လိုလိုဖြစ်နေသည်

"ပါးပါး တောင်း ပန်ပါတယ် သားလေးရယ် ပါးပါးအချိန်တန်ရင်ပြောပြပါ့မယ်.."

ဝမ်းနည်းပေမယ့် ကြိတ်မှိတ် ပြုံးပြီး အလုပ်ကို ဆက်သွားတော့သည်

----------------

ဟန်ဂျွန်ဒရစ် မနက်နိုးလာတော့ ခန္ဓာကိုယ်တွေ နာကျင် နေတာကြောင့် ချက်ချင်း မထနိုင်ပဲ အိပ်ယာပေါ်မှာ အတွေးတွေ လွင့်နေမိသည်

ညက သူ "ပါးပါး " ဆိုတဲ့ အသံပို ပီပီပြင်ပြင် ကြားရတာကြောင့် ထူးဆန်းနေသည်
ပြီးတော့ တွေ့ခဲ့တဲ့ ကလေးသေးသေးလေး အသံမို့လို့ ပို၍ ထူးဆန်း နေသည်

"အာ... စိတ်ရှုပ် လိုက်တာကျစ်..."

စိတ်ရှုပ်ရှုပ်နဲ့ ထပြီး အိမ်တော်ကို စိတ်မှန်းပြီး ပြန်သွားလိုက်သည်

အိမ်ဆောင် လမ်းရောက်တော့ အစောင့် ကိုခေါ်ပြီး

" မင်းတို့ ကြီးမြတ်လှ တဲ့ သခင်ကြီးကော..?"

"အိပ်ဆောင်မှာပါ သခင်လေး.."

"ကျစ် ငါ့ကို ကြလူကြားထဲ ပို့ပြီး သူကြတော့အေးဆေးလေးနေတယ် .."

Vampire  Manner 〘Complete  〙Where stories live. Discover now