Ep22(Z)🖤

308 3 0
                                    


မနက်ခင်းနေရောင်ကို ထိုးနေတဲ့ ပန်းပင်တွေကြားထဲ ပုတုပုတုနဲ့တိုးဝငိဆော့ကစားနေတဲ့ လူတစ်ယောက်၊

" ကို "

ပန်းတွေကြားထဲမှာ ခေါ်သံသဲ့သဲ့လေးကို ကြားနေရတဲ့ အခိုက်၊

သိမ်မနက်ကတည်းက ရှက်သွေးဖြန်းလွန်းနေပေမယ့် ပန်းခင်းထဲရောက်တော့ ဘာမှမဟုတော့သလို ပျော်ပါးနေလေသည်၊၊

"ကို"

"လာပြီ"

"ဟွန့်"

လူမမြင်အသံပဲကြားရတော့ သိမ် ဟွန့်တက်မိသွားသည်၊၊

သိမ်ဒီရက်ပိုင်း ဒရစ်နဲ့နေသားကျလာသည်၊၊
ဒရစ်နဲ့ တူတူနေရတာ ပျော်ရွှင်ရတယ်၊လွတ်လပ်သလိုခံစားရတယ်၊၊

ဒရစ်သူ သူ့ရဲ့ ပြေးဆော့နေတဲ့ လူသားလေးကိုကြည့်ရင်း အပြုံးတွေမှ ပန်းတွေထက် လှနေသယောင်၊၊

" သိမ်"

"အွန်း"

ပန်းပွင့်တွေကို နမ်းရှိုက်ရင်းဆိုလာတော့

" အရှေ့ကို ဆက်သွား
တစ်ခုခုကို တွေ့လိမ့်မယ်"

သိမ် ဒရစ်ကိုတောင်လှည့်မကြည့်ပဲ
"အရှေ့ကိုဆက်သွား" ဆိုတဲ့ စကားကိုသာအာရုံထားရင် အရှေ့ကို ပြေးသွားကြည့်သည်၊၊

ဒရစ်က အနောက်မှာကျန်ခဲ့ပြီး ဘောင်းဘီ အိတ်ကပ်တဲ့ လက်နိုက်ကာ နေခဲသည်၊၊

သိမ်အရှေ့ကို ပြေးသွားတော့ လေလေးတဖြူးဖြူးနဲ့ ဖြတ်ပြေးသွားတာကို အရင်ခံစားမိသွားသည်၊၊

ထို့နောက် သူမြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခု..

အိပ်ယာ ကုတင်ကို အဖြူရောင်ပိတ်စတွေနဲ့ ချိတ်ဆွဲထားပြီး အဘေးမှာ ပန်းလေးတွေ တဖြူးဖြူး တိုက်ခတ်လာတဲ့ လေပြေကို လက်ခံကာ သူ့ကို ကြိုဆိုနေသယောင်

ပြီးတော့ ပန်းတွေရဲ့ အနောက်ဘက်မှာ

" Merry me "

ဆိုတာကြီးကိုလည်း မြင်ရော မျက်ရည် တွေ ပါးနုနုပေါ်ကို စီးကျသွားသည်၊၊

ထို့နောက် ဒရစ်ကိုလှည့်ကြည့်မိတော့
သူ့ကို ဒူးထောက်ကာ လက်ထဲ တစ်ခုခု ဆုတ်ထားတဲ့အနေအထားနဲ့ ဒရစ်ကို မြင်လိုက်ရတော့

Vampire  Manner 〘Complete  〙Where stories live. Discover now