Ep21🖤

1.7K 69 6
                                    

" ဒုန်း ! ခလွမ်း!"

အခန်းတစ်ခန်းထဲက အိူးခွက်ကျကွဲသံများ..

" မမလေး ပန်းအိုးတွေ ထပ်သွားထားလိုက်ရမလား?"

"သွားမထားနဲ့တော့ ငါကိုယ်တိုင်သွားမယ်
မဟုတ်ရင် ကလေး
ပန်းအိုးတွေ ခွဲပါများရင် လက်တွေနာပြီး အိုးစတွေ ရှမိကုန်မယ်"

" ဒါမယ့် မမလေးသွားရင် မမလေးကို ထိခိုက်အောင်လုပ် ရင်ကော?"

" ငါထိခိုက်ရင်?
အဟက် မလိုဘူး ငါ့ကလေး မထိခိုက်ရင်ပြီးပြီ ငါသွားမယ် "

"ဟုတ် မမလေး"

"ပြီးတော့ အိမ်တော်ဆီ သွားပြီး မမလေးနဲ့ သခင်လေး မလာနိုင်တော့ဘူး ပြောလိုက်
နင်တို့ရဲ့ သခင်ကြီးကို"

"ဟို မမလေး..."

"ဘုန်း!"

"အရစ်မရှည်နဲ့ သွားတော့.!"

"ဟုတ်"

ဂျိူး အခန်းထဲ က ထုသံတွေကြောင့် သူ့ရဲ့ အနီးကပ် ဆုံး အစေခံကို အမြန်ထွက်သွားခိုင်းလိုက်တော့သည်
ထို့နောက် သက်ထားရှိတဲ့ အခန်းထဲကို ဝင်သွားတော့၏

အခန်းကလည်း မှောင်နေပြီး မီးရောင်မှိန်မှိန်လေးသာ ရှိသည်
အခန်းထောင့်ရဲ့ အစွန်လေးမှာ ကွေးပြီးနေနေတဲ့ သူ့ရဲ့ အသက် ညှာက်ုကြည့်ပြီး ဂျိူးသက်ပြင်းချလိုက်သည်။

" ကလေးရယ် မမကို မကြောက်ပါနဲ့ မမက ကလေးကို နာကျင်အောင်လုပ်မှာမဟူတ်ပါဘူး..
အဟက် အခုလည်း ငါ့ကြောင့် ကလေးနာကျင်နေရတာပဲ"

ဂျိူးထိုသို့ရေရွတ်ပြီး သက်ထားနား ကို သွားပြီး ပွေ့ချီလိုက်သည်။
သက်ထားကတော့ ပင်ပန်းနွမ်းနယ်နေတာကြောင့် မသိတော့

" ကလေး မင်းတို့ကို ကြောက်လန့်နေမယ့်အစား တို့အသက်ကိုပဲ နုတ်ယူလိုက်ပါတော့
ပြွတ်စ် ..
ချစ်တယ် ကလေး"

ထို့နောက် အိပ်ရာပေါ်ကိုအသာလေးတင်ပြီး စောင်ခြုံကာ စက္ကန့်မလပ် သက်ထား ကိုစေ့စေ့စိုက်ကြည့်နေလိုက်တဲ့ ဂျိုး...

×××××××××××××××××××

" တောက်စ်!
အကိုကလည်း အကို ညီမကလည်း ညီမ
အဖေစကားကို တစ်ယောက်မှ နားမထောင်ကြဘူး"

Vampire  Manner 〘Complete  〙Where stories live. Discover now