"ကလေး ဘာဖြစ်တာလဲ.."" ဟို ကလေးရဲ့ သူငယ်ချင်း ရဲ့သားက ပျောက်သွားလို့မမ အဲ့တာ သူလည်း ခြေလက်ကိုင်မမိ ဖြစ်နေတာ.."
"ဟင်?"
မိန်းဂျိုးစစ် လည်း ဒီတလော Salend တွေ ခေတ်ပြန်ထ နေတာကြောင့် ကလေးများ ဖြစ်သွားမလားလို့ တွေးမိသွားသည်
"ခနနော် ကလေး.."
"ဟုတ်.."
သက်ထား ဆိုင်ကိုပြန်ရောက်လာတော့ အလုပ်ရှင် ဂျိုးကို အကြောင်းအနည်းငယ်ပြောပြလိုက်သည် ဂျိုးလည်း တစ်နေနေရာကိုဖုန်းဆက်ကာ ပြောနေသည်
သူလည်း သိမ်ကို စာပို့ထားလိုက်သည်
📲 တီ......
"အေ ဂျွန် ဒီမှာ ငါ့အသိ ရဲ့ သူငယ်ချင်း ကလေး ပျောက်နေတယ် အဲ့တာ Salend နဲ့များ ဆိုင်နေမလား စုံစမ်းကြည့်ဦး.."
"ဟုတ်မမလေး."
"အေအေ ဒါပဲ. ."
ဖုန်းချပြီးတော့ သက်ထားနားကိုသွားကာ
"ကလေး သူငယ်ချင်း ရဲ့ ကလေး အသက်က ဘယ်လောက် လည်း "
"အွန်း လေးနှစ် ကျော်ပဲ ရှိသေးတာ.."
ဂျိုးလည်း ကလေးဆိုတော့ ဖမ်းရတာ ပိုလွယ်တာမို့ တွေးပူမိသွားသည်
မျပ်နာပျက်နေတဲ့ သက်ထားကိုကြည့်တော့" ဘာဖြစ်လို့လဲ .."
" သူငယ်ချင်း ကို စိတ်ပူလို့ပါ သူကအရမ်းသနားဖို့ကောင်းတာ "
"......"
" မမ ကလေးပြောပြမယ် ကလေးရဲ့
သူငယ်ချင်း ကလေ အရမ်းအနေအေးတာ ပြီးတော့ ငယ်ငယ်တည်းက အဖွားနဲ့ နေလာရတာ ဒါမယ့် သူကျောင်းပြီးတော့ အဖွားက ကျန်းမာရေး မကောင်းတော့ဘူး အဲ့တာသူ ကျောင်းဆက်မတက်ပဲ အချိန် ပိုင်းအလုပ်တို့ အချိန်ပြည့်အလုပ်တို့ကို လုပ်တာ..""......"
"ပြီးတော့ အသက်၁၈ နှစ်မှာ ကိုယ်ဝန်ရလာခဲ့တယ်.."
"ဟင် နေဦး သူငယ်ချင်း မိန်းကလေးဆိုတော့ ယောက်ျားကကော.."
"မိန်းကလေးမဟုတ်ဘူး မမ ယောက်ျားလေး.."
"ဘယ်လို.!? ယောက်ျားလေးက ကိုယ်ဝန်ဆောင်တယ်..?"
"ကံကြမ္မာ လို့ပြောရမယ်ထင်ပါတယ် မမရယ် ပြီးတော့ ကလေးအဖေကိုလည်း မေးတော့ သူကမပြောပြဘူး အဲ့အကြောင်းပြောရင် ငိုပဲငိုတာ ဘယ်လိုမှ မရဘုး "
![](https://img.wattpad.com/cover/352300098-288-k703323.jpg)