သိမ် သားလေးကို သိပ်ပြီး ရေမိုးချိုး ကာ ဒရစ်ဆင်ထားပေးတဲ့ ကိုယ်လုံးပေါ်မှန်မှာ ညဝတ်အင်ကျီ အပါး ကို ဝတ်ကာ သူ့ကိုယ်သူ ရပ်ကြည့်နေသည်ပိန်ပိန်ပါးပါး ပုပုသေးသေး ဖြူဖတ်နေတဲ့အသားတွေ သေးကွေးနေတဲ့
ခန္ဓာကိုယ်ကိုကြည့်ပြီး သက်ပြင်းချ မိသည်သားလေးကို မွေးပြီး ပိုပြီးပိန်သွားသေးတာကြောင့် ပိုပြီး သေးညှပ်နေသယောင် သားလေးရဲ့ လက်မောင်းနဲ့ သူ့လက်မောင်းကလည်း အရွယ်အစား တူတူ ဖြစ် နေသလိုပင်
ပြီးတော့ ဒီညမှာ ဖြစ်လာမယ့် အရာကိုကြိုတွေးမိတော့ တော်တော်လေး ကြောက်မိသည်
အဆိုးဆုံးက အတိတ်က ဖြစ်ခဲ့တဲ့ ပုံစံ လိုမျိုး ဖြစ် နေတာကြောင့် အိပ်ရာ ကိစ္စ မှာအဆင်သင့်မဖြစ်သေး
တခြား သူက ထိလာမှာ ဖက်လာမှာကို ကြောက်လန့်နေမိသည်
" ငါ... ငါ အဆင်ပြေမှာပါ"
သူ့ကိုယ်သူ မှန်ထဲကနေ အားပေးပြီး သားလေးဘက်လှည့်ကာ နဖူးလေးကို အနမ်းပေးပြီး ဒရစ်အခန်းကို ထွက်လာလိုက်သည်
" ဒေါက် ဒေါက် "
ဒရစ် သူ ရေချိုးပြီး အောက်ပိုင်းကို သဘတ်ပတ်ကာ နောက်ရက် ဟန်းနီးမွန်းအတွက် နေရာတွေကို ဖုန်းဆက်ပြီး အဆင်ပြေအောင် လုပ်ထားဖို့ ပြောနေတုန်း တံခါး ခေါက်သံကြားတော့သွားဖွင့်လိုက်သည်
" ဟင် သိမ် မအိပ်သေးဘူးလာ?"
"အိပ် အိပ်မှာပါ .."
ဒရစ်သူ တံခါး ဖွင့်တော့ အဖြူရောင် ညဝတ်အင်ကျီအပါးကို ဝတ်ပြီးလက်ထိပ် တွေကို ပွတ်ကာ အခန်းရှေ့မှာရပ်နေတဲ့ လူသေးသေးကိုကြည့်နေသည်
ထိုလူသေးသေးကတော့ သူ့ကို မော့မကြည့်သေး
" ဟို သိမ် သိမ်ဝင်လာမယ်နော်.."
သိမ်သူ မော့မကြည့်ပဲ ပွင့်နေတဲ့ တံခါးဘက်ကနေ တိုးပြီးဝင်သွားလိုက်တော့
ဒရစ်လည်း ပြေးဝင်သွားသလို ဖြတ်ခနဲသွားတဲ့ လူသေးသေးကိုကြည့်ပြီး စဉ်းစားမရသိမ်သူ ဒရစ်အခန်းထဲရောက်တော့ ကြည့်မိသည်
တစ်ခန်းလူံးအလင်းရောင်မှိန်မှိန်ပဲ ဖွင့်ထားပြီး အခန်းလိုက်ကာကို အနည်းငယ် ဖွင့်ထားပြီး အခန်းထဲမှာလည်း ဘာတန်ဆာပလာမှမရှိသလိုပင်
![](https://img.wattpad.com/cover/352300098-288-k703323.jpg)