သိမ် သတိမေ့သွားတုန်း ဒရစ်ရောက်လာခဲ့သည်၊၊ဒရစ် မြင်မြင်ချင်း အစောပိုင်းက ပူပြီးသား သွေးတွေမို့ ထိုအရာကိုမြင်တော့ ပိုမို ဒေါသထွက်ကာ ဒွန်ကို အမိအရ ပြေးကူတ်လိုက်တော့သည်၊၊
" ဒွန် မင်း !"
"အ့! ဘုန်း!"
ဒွန်လဲကျသွားတော့ ဒရစ် သိမ် နားမသွားသေးပဲ ဒွန်ကိုသာ သတ်ဖြတ်တော့မယ့် သားရဲတစ်ကောင်လိုကြည့်ရင်း
" မင်း သေမှ အေးမယ် ဒွန်!"
" အဟက် အ့!"
ထပ်ပြီး ဒွန်ရဲ့ ရင်ဘတ်ကို ပြေးကုတ်ရင်း
" ဒရစ်"
" တော်!-"
"ဘုန်း!အား..."
ထိုအခန်းကျဉ်းထဲမှာ မေ့မျောနေတဲ့ လူသားလေးရယ် သတ်ပွဲဆင်နွဲနေတဲ့ သားရဲနှစ်ကောင်ကို တွေ့ရလိမ့်မည်၊၊
" မင်း ရောက်လာပြီပေါ့ အစ်!"
ဒွန်ပြောနေတုန်း ဒွန်ရဲ့ လည်ပင်းကို ညစ်လိုက်တဲ့ ဒရစ်
ဒွန်ကတော့ ကျေနပ်တဲ့ အပြုံးဖြင့်ဒရစ်တစ်ယောက် ဒီချိန် ဒွန်ကို သတ်ဖို့ပဲ တွေးနေမိသည်၊၊
သူအရှင်မထားချင်၊ သိမ်ကို စော်ကားထားတာမို့ အရှင်မထားချင်၊
သူတို့ကြားက ကိစ္စကို လျစ်လျူပြု ထားလို့ရပေမယ့် သိမ်ကို ထိလို့တော့မရ..သူ ဒွန်ကို လည်မြို ကိုက်ဖြတ်ဖို့ လုပ်နေစဉ်
"ပါးပါး !ပါးပါး!"
"ဟင်"
နှစ်ယောက်လုံး အသံလာရာကိုကြည့်တော့ ၆ နှစ်သားအရွယ် သိမ်းခတ်ကို တွေ့လိုက်ရသည်၊၊
"သား!",,
နှစ်ယောက်လူံး တစ်ပြိုင်နက် တည်းခေါ်ကြပြန်သည်၊၊
သိမ်းခတ်ကတော့" ပါးပါး ပါးပါးရေ အီး ဟီး.."
သိမ်းခတ် ငိုယိုနေရင်း သူ့အဖေကို လှုပ်နိုးပြီးခေါ်နေလေသည်၊၊
ဒရစ် ဒွန်ကိုလွတ်ပြီး သားနားကို သွားတော့
" အဟွတ် အဟွတ်"
" သား ဘယ်လို ရောက်လာတာလည်း"
"......"
သိမ်းခတ် ဒရစ်ကို မျက်ဆံနီနီ ဖြင့်ကြည့်လာရင်း ဒေါသထွက်တဲ့ ပုံဖြစ်နေတာကြောင့် အဆွယ်တွေပါ ဖြူထွက်လာလေသည်၊၊