သိမ်တို့ Condo ရောက်တော့ ကားတံခါးကို ဒရစ်က ကိုယ်တိုင် ဖွင့်ပေးသည်။
" သေချာဆင်း လုံးလုံးလေး ကို ကို့ကိုပေး.."
သားလေးကို ချီပြီး သူ့လက်ကို ကိုင်ကာ အထဲဝင်ဖို့လုပ်တော့ သိမ်လည်း မြန်မြန်လက်ကို သိမ်းလိုက်တယ်။
" အစ်ကို မသင့်တော်ပါဘူး လက်ကိုမကိုင်လည်းရပါတယ်.."
ဒရစ်လည်း ဘေးကို ဝေ့ကြည့်တော့ လုံခြုံရေး ရယ် ကားဒရိုင်ဘာရယ်ပဲ ရှိတာမို့ သိမ်လက်ကို ပြန်ဆွဲကာ
" မင်းတို့ အကြည့်ကို ချလိုက် ဘယ်သူမှ မမော့ကြည့်နဲ့.."
" အစ်ကို.."
" သိမ်လည်း ပါးစပ် ပိတ် ..!"
"......"
သိမ်လန့် သွားတယ် သားလေးကို ကြည့်တော့ သန်းနေပြီ
သိမ် လည်း ပြောတဲ့အတိုင်းတိတ်တိတ်လေးနေကာ ဒရစ်ခေါ်နောက်ကို လိုက်သွားတော့တယ်အထုတ်တွေကိုတော့ ဘယ်မှာထားမလဲတော့မသိ
အခန်းထဲရောက်တော့ သူ ဝေ့ကြညိ့မိတယ်
ထင်ထားတာထက် အသုံးအဆောင်တွေ ပစ္စည်းတွေက စျေးကြီးပြီး အတော်တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ သာအခန်းပတ်လည်းကလည်းတော်တော်ကျယ်ပြီး ညဘက် ရှ့ခင်းကောင်းကောင်းလေးလည်းကြည့်လို့ရတဲ့ ဝရံတာလည်းရှိသေးသည်။
" အခန်းက သုံးခန်းရှိတယ် လုံးလုံးလေးကိုတစ်ခန်း ထားလိုက် သိမ်လည်းတစ်ခန်းနေပေါ့.."
"ဟုတ်ရပါတယ် သားလေးက တစ်ယောက် ထဲ မအိပ်ရဲဘူး ငယ်သေးတော့ .."
"....."
ဒရစ်လည်း အသေးလေးသဘောတိုင်းခေါင်းညိတ်ကာ
" သွားနားတော့ လုံးလုံးလေးလည်း အိပ်ချင်နေပြီ ထင်တယ် ဘေးစွန်ခန်းနဲ့ အလယ်ခန်း ကြိုက်တဲ့ အခန်းနေ.."
"ဟုတ်ကဲ့ ကျေးဇူး ပါ.."
"ရတယ် သွား.."
သိမ်လည်း သားလေးကို ဒရစ်နားကနေ ခေါ်ပြီး အိပ်ချင်နေတဲ့ သားလေး ကို သွားသိပ်လိုက်သည် တအောင့်ကြာတော့ သားကအိပ်ပျော်သွားတော့ သူ အစ်ကိုနဲ့ စကား ပြောဖို့ ပြန်ထွက်လာတယ်