ဒေါ်ယုယမင်း ပြန်လည် အိပ်ပျော်သွားတာနဲ့ ဦးကျင်ကြွယ် နဲ့ ဒေါ်လေဒီမင်း မှာ အနှီးထုပ်ကလေးနဲ့ ကလေးငယ်အား သေချာကြည့်ရင်း ကြည့်မဝ ဖြစ်ကြရတယ်။
ဒေါ်လေဒီမင်းခမျာ အသက် ၆၀ အရွယ် ရှိနေပြီ ဖြစ်သော်လည်း ပါတိတ်ဝမ်းဆက်နဲ့ လှချင်တိုင်းကို လှနေပါသေးသည်။
အသက်၆၀ လို့ မထင်ရလောက်အောင်ကို နုပျိုလွန်းသည့် ဒေါ်လေဒီမင်းက သန်သန်မာမာ ပင်။
ဒေါ်လေဒီမင်းက မွေးကာစ ကလေးလေးကို ကြည့်ရင်း ကလေးရဲ့ ပါးက ပါးချိုင့်ကလေးကို မြင်လိုက်ရတာကြောင့် အဘိုးတူ မြေးလေးကို အဘိုးဖြစ်သူရဲ့နာမည်ဖြစ်သော မောင် ဆိုတဲ့ နာမည်ကိုသာ ပြန်ပေးဖို့ ဆုံးဖြတ်ရင်း ~~~
"မွန်တရုတ် "
"ဗျာ"
"ကလေးကို ဘာလို့ စိုက်ကြည့်နေတာလဲ "
"ချစ်စရာလေးမို့လို့ "
"နာမည်ရော စဥ်းစားပြီးပြီလား "
"ဟုတ်ကဲ့ "
"ဘာနာမည်လဲ "
"မောင် ~~~~"
မြေးဖြစ်သူရဲ့ ပါးလေးအား လက်ညှိုးလေးနဲ့ အသာတို့ထိရင်း သူ့အား လှည့်တောင်မကြည့်ဘဲ ဖြေလာတဲ့ သားမက်ဖြစ်သူရဲ့ စကားကြောင့် ဒေါ်လေဒီမင်း ပြုံးမိသည်။
သားမက်ဖြစ်သူနဲ့က မတည့်သော်လည်း ဒါတစ်ခုတော့ အကြံတူသည်။
ကလေးရဲ့ ပါးမှာ မွေးကာစလေးဖြစ်သော်လည်း ပါးချိုင့်လေးတွေက အထင်းသားပင် ။ဒါကို သဘောတကျနဲ့ ထိတွေ့နေသူက သားမက်ဖြစ်နေတာကြောင့် ဆူရပြန်သေးသည်။
ပြောရတာ မဟုတ်၊ ကလေးရူး အရင်ကထဲ က ရူးနေတာ ။ မတော်လို့ ကလေးကို ဖျစ်ညှစ်မိရင် ဒုက္ခ။
"ဟဲ့ အကောင် ကလေးကို မထိနဲ့ အခုမှ မွေးကာစလေး "
ဦးကျင်ကြွယ် ကလေးရဲ့ခြေဖျားနားကနေ တံတောင်လေးချလိုက်ပြီး ကလေးနဲ့ အရပ်တိုင်းကာ...
"ယောက္ခမကလဲ အသဲယားလို့ပါ
ကလေးက သေးသေးလေး တစ်တောင် တောင် မပြည့်ဘူး"ဦးကျင်ကြွယ် ယောက္ခမကိုလဲ ပြန်ပြောရင်း မျက်နှာထက် အပြုံးတို့က ပိုပွင့်လန်းနေ၏ ။
YOU ARE READING
Min Thant Ko Ko Maung + Maung {S1}(Completed)
Romance🔞🔞🔞 ချိုပြီး မှောင်တာကြောင့် Warning ကြိုပေးထားပါတယ်ရှင်။ 🚨🚨🚨ရှောင်တဲ့သူဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။