Min Thant Ko Ko Maung + Maung လေး ကို ဖတ်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို Crystal အထူးကျေးဇူးတင်ပါတယ်ရှင်။
စာဖတ်သူမရှိဘဲ စာရေးတာက ဒိုင်ယာရီထဲ တစ်ယောက်ထဲ ပြန်ဖတ်ဖို့ ရေးတာနဲ့ အတူတူပါပဲ။
Crystal အတွက် View တစ်ခုစီတိုင်းက တကယ့်ကို အားအင်တွေ ဖြစ်ခဲ့ရပါတယ်ရှင်။
Crystal ဟာ လိုအပ်ချက်တွေ ရှိတဲ့သူ တစ်ယောက်ဖြစ်နေသေးပေမဲ့ Crystal အနားမှာ ရှိပေးခဲ့ကြလို့လဲ ကျေးဇူးတင်ပါတယ်ရှင်။
စိတ်ဓာတ်တွေကျပြီး စာရေးချင်စိတ်မရှိတော့တဲ့ အခိုက်အတန့်တွေ လဲ ကြုံခဲ့ ရပါတယ်။ဖတ်ပေးတဲ့သူရှိပါသေးတယ်ဆိုပြီး အားတင်းပြီး ဆက်ရေးခဲ့တာပါ။Comment တွေကလဲ စာဆက်ရေးဖို့ခွန်အားတွေ အများကြီးရခဲ့ပါတယ်။Crystal အတွက် တကယ့်ကို စာဆက်ရေးဖို့ အားအင်ဖြစ်စေတဲ့ ကျေးဇူးရှင်လေးတွေကိုလဲ ကျေးဇူးတင်ပါတယ်ရှင်။
Crystal ရဲ့ အခုပေးထားတဲ့ Min Thant Ko Ko Maung+Maung လေးကတော့ နောက်ဆုံးနာမည်ပြောင်းခြင်းပါ။ဒီနာမည်ဖြစ်လာဖို့ ၄ ကြိမ် ပြောင်းလိုက်ရပါတယ်ရှင်။
(1) ကလဲ့စားတွေက ချိုမြိန်ရဲ့လား မောင်{S1}
(2) Min Thant Ko Ko Maung {S1}
(3) ဓားသွားထက်က ပြင်းရှရှ အရသာရှိသော ပျားရည်စက် {S1}
(4)Min Thant Ko Ko Maung +Maung {S1}Crystal အစက ကလဲ့စားတွေက ချိုမြိန်ရဲ့လား မောင်ဆိုတဲ့နာမည်လေးပေးခဲ့တာပါ။အဲ့ဒါလေးပြီးသွားတော့ {S2} ဖြစ်တဲ့ Min Tha Khin Khat Htan ကို ဆက်ရေးပါတယ်။အဲ့အချိန်မှာ {S1} နဲ့ {S2} က နာမည်တခြားစီ ဖြစ်နေတော့ ရှာရခက်တာမျိုးလေး ဖြစ်ကြလို့ သားအဖ နှစ်ယောက်နာမည်တွေ ပဲ ပေးဖြစ်တာပါ။
20.9.2023 မှာ Crystal စာလုံးပေါင်းအမှားတွေပြန်ပြင်နေရင်း wattpad ကနေ ဖျက်ချခြင်း ခံခဲ့ရပါတယ်။
အဲ့ဒါကြောင့် Abused အခန်းတစ်ချို့ကို့ ပြန်ဖြုတ်ရင်းကနေ နာမည်အသစ် ပြန်ပေးဖြစ်တာပါ။အရင်နာမည် အရင် account နဲ့ ပြန်တင်ရင် Rule ကို ဆန့်ကျင်တယ်ဆိုပြီး Account ပါ ပျက်နိုင်တယ်ဆိုတာကြောင့်ပါ။ အဲ့ဒါကြောင့် ဓားသွားထက်က ပြင်းရှရှ အရသာရှိသော ပျားရည်စက် ဆိုပြီးပြောင်းလိုက်တာပါ။
အဲ့နာမည်နဲ့ Crystal ဆက်ရေးပြီး ပြန်တင်နေတုန်းမှာပဲ Crysral ရဲ့ Messenger မှာ တစ်ယောက်က လာပြောထားပါတယ်။
Cryatal ရဲ့ ဓားသွားထက်က ပြင်းရှရှအရသာရှိသော ပျားရည်စက် နဲ့ ဆရာကြီးညီပုလေးရဲ့ဘာသာပြန်ဝတ္ထုဖြစ်တဲ့ ထက်မြက်တဲ့ ဓားသွားပေါ်က ပျားရည်စက် နဲ့က နာမည်ဆင်တယ်ဆိုပြီး လာပြောသွားလို့ပါ။ပြောပြီးတာနဲ့ သူ့ဘာသာသူပဲ Block သွားပါတယ်။
Crystal အနေနဲ့ တကယ်ကို မဖတ်ဖူးခဲ့တာပါ။ ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ်ပေးတယ်ဆိုပေမဲ့လည်း ဆင်နေတယ်ဆိုပြီး လာပြောသွားတာကြောင့် နာမည်ကို ပြန်ပြောင်းလိုက်ခြင်းပါ။
Crystal က စာရေးတာသက်တမ်းနုသေးတဲ့အပြင် ကောင်း၏ ဆိုး၏ ဝေဖန်မှု မှန်သမျှကို လက်ခံနေတဲ့ သူတစ်ယောက်ပါ။Crystal ကို စာရေးတာနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်အကြံပြုလို့ရပါတယ်။
Crystal ကို ကောင်းတယ်လို့ လာပြောရင် ဝမ်းသာသလို Crystal ကို ဝေဖန်အကြံပြုပေးရင်လဲ Crystal က ကျေးဇူးတင်ပါတယ်။
Crystal ရေးနေတဲ့ တစ်လျှောက်မှာလဲ Crystal မှားတာလေးတွေကို မြင်မိတဲ့သူလေးတွေက ထောက်ပြပေးကြလို့လဲ ကျေးဇူးတင်ပါတယ်ရှင်။
Crystal အနေနဲ့ လို အပ်ချက်တွေ အများကြီးရှိနေသေးပေမဲ့လဲ Crystal အမှားနည်းအောင် ဆက်ကြိုးစားသွားမှာပါ။
Facebook နာမည် ဝမ်ရိပေါ်ရဲ့ကောင်မလေး ကိုလဲ ဒီနေရာကနေ ကျေးဇူးတင်ပါတယ်ရှင်။ဖျက်ချခံလိုက်ရတဲ့ အချိန်တုန်းက သူလေးဆီမှာသာ SS မရှိခဲ့ရင် Crystal ပြန်တင်ဖြစ်တော့မှာတောင် မဟုတ်ပါဘူး။Crystal အတွက် တကယ်ကို ကျေးဇူးရှင်လေးပါ။
အစကနေ အဆုံးအထိ စိတ်ရှည်ရှည်နဲ့ ဖတ်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီ တိုင်းကို အထူးကျေးဇူးတင်ပါတယ်ရှင်❤️
![](https://img.wattpad.com/cover/354940103-288-k617663.jpg)
YOU ARE READING
Min Thant Ko Ko Maung + Maung {S1}(Completed)
Romance🔞🔞🔞 ချိုပြီး မှောင်တာကြောင့် Warning ကြိုပေးထားပါတယ်ရှင်။ 🚨🚨🚨ရှောင်တဲ့သူဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။