{14} Uni

4.2K 183 31
                                    

၂၁ရက် ၁၀လ ၂၀၁၆ ကနေ စပြီး မောင့်မှာ အိမ့်မှူးကို စလိုက်ခဲ့ပေမယ့် ၁၀ရက်၄ လ ၂၀၁၈ မှသာ အိမ့်မှူးဆီက အဖြေပြန်ရပြီး ချစ်သူတွေ ဖြစ်ခဲ့ကြသည်။

အိမ့်မှူးနဲ့စကားပြောဖြစ်တိုင်းလဲ နှစ်ဦးသား ချစ်ရေး ချစ်ရာကိစ္စတွေကို သိပ်မပြောဖြစ်သလို၊ ချစ်သူ ရည်းစား ဖြစ်သွားသည်ဆိုသော်ငြား တစ်ခါမှတောင် မနမ်းဖူးတဲ့အထိကို နှစ်ယောက်စလုံးက သမီးရည်းစားအတွဲနဲ့လုံးဝမတူ။

နှစ်ဦးသားတွေ့ဆုံကြသည့် အချိန်တိုင်းလဲ မင်းသန့်ကိုကိုမောင်ရဲ့ အကြောင်းတွေကိုသာ အဓိကထားပြောဖြစ်ကြ၏ ။
အိမ့်မှူးကလဲ သူ့အကိုအကြောင်းကို မောင့်ဘက်က စကားအနည်းငယ်စလိုက်တာနဲ့ ဆက်တိုက်ကို သူ့အကို အကြောင်းတွေ မနားမနေ မောင့်အားပြောပြလေ့ရှိသလို၊ အဲ့အချိန်ဆိုရင် မောင်က သူပြောသမျှကို စိတ်ဝင်တစားနားထောင်တာကြောင့် သူတို့ချိန်းတွေ့တိုင်း ၊စကားပြောဖြစ်တိုင်း သူ့အကိုအကြောင်းက မပါမဖြစ် ပါဝင်သည်။

လက်ကလေးကိုင်တာတောင် အိမ့်မှူးဘက်က စ ကိုင်မှ သာ မောင်က ဖွဖွလေး ပြန်ကိုင်သည်။

အိမ့်မှူးရှက်သွားမှာစိုးရိမ်၍ လက်ကလေး ပြန်ကိုင်သော်လည်း မောင့်မှာ အပြစ်ရှိသလို ခံစားရသည်။

အိမ့်မှူးကတော့ မောင်က ရိုးလိုက်တာဆိုပြီး သဘောကျပြီးရင်း ကျရင်းသာ ။

အိမ့်မှူး မောင်နဲ့ ပထမဆုံး ချိန်းတွေ့မဲ့ နေ့တုန်းကဆို မောင်နဲ့ချိန်းတွေ့ဖို့အရေး ပထမဆုံး ရည်းစား စထားဖူးတာမို့ ကိုကြီး နဲ့ ဖုန်းဆက် တိုင်ပင်မိခြင်းက အသက် ရှုကျပ် မသေတာ ကံကောင်းသည်။

"ကိုကြီး "

"အင်း "

"အားလား "

"အင်း "

အိမ့်မှူးသခင်နွယ်မှာ မင်းသန့်ကိုကိုမောင်ကို ပြောပြဖို့ ကြောက်နေမိသည်။ဘဝမှာ ပထမဆုံး ရည်းစား စ ထားဖူးတာမို့လို့ အလွဲ အမှား ဖြစ်မှာလဲ ကြောက်သည်။သို့သော် ပြောပြသင့်တယ် ထင်လို့ အရဲစွန့်ကာ ပြောချပစ်လိုက်တော့သည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now