"ခင်ဗျား ကျွန်တော့်ကို လက်ထပ်စာချုပ်ကိစ္စရှင်းပြဉီး"
ဉီးကျင်ကြွယ်နဲ့ ဒေါ်နီလာမင်းတို့ ပြန်သွားပြီးတဲ့ အထိ မောင့်မျက်နှာက တည်တင်းနေတဲ့ အပြင် မောင်နှုတ်ဖျားက ထွက်ပေါ်လာတဲ့ အသံကလဲ ခပ်မာမာ ။
မင်းသန့်ကိုကိုမောင် ကိုယ်တိုင်လဲ သူ့အပြစ်သူသိတာကြောင့် ကုတင်ပေါ်မှာ ပက်လက် လှန်အနေအထားကနေ ထလာပြီး ကုတင်ဘေးမှာ မတ်တပ်ရပ်နေတဲ့ မောင့်ခါး သိမ်သိမ်လေးအား တင်းတင်းကျပ်ကျပ်ဖက်လျှက် မောင့်လည်ပင်းသားတွေအား နမ်းရှုံ့ရင်း...
"Baby ခါးသွယ်သွယ်လေးတွေက မြတ်နိုးစရာလေး ..."
ပုံမှန်အချိန်ဆို မင်းသန့်စကားက နားဝင်ချိုစရာ စကားလုံးလှလှလေး ဆိုပေမယ့် အခုအချိန်မှာတော့ မောင် မပျော်ရွှင်နိုင်။
ထို့ကြောင့် တင်းတင်းကျပ်ကျပ် ဖက်ထားတဲ့ မင်းသန့်လက်တွေအား ဖယ် ချကာ...
"ခင်ဗျား ကျွန်တော့် အရှေ့က အခုထွက်သွား ....ဘယ်တော့မှ ပေါ်မလာခဲ့နဲ့ "
မောင့်ဘက်က စိတ်ဆိုးနေတာကြောင့် နှင်နေတာကို မင်းသန့်သိနေတဲ့ အတွက် မောင်အကြိမ်ကြိမ်ဖယ်ချတဲ့ လက်တွေကို ပို၍ တင်းတင်းကျပ်ကျပ် ဖက်ပစ်၏ ။
"အစကတော့ ကိုကို ကိုကို ဆိုပြီးတော့ အခု ကျတော့ ခင်ဗျားတဲ့လား... မောင် ဆိုတဲ့ အမျိုးသားဟာလေ တကယ်ကြောက်စရာကောင်းတယ်
အစိမ်းရောင် အသီးအနှံတွေ စားပြီး စိမ်းကားတဲ့ စကားတွေ သိပ်ပြောတာပဲ ""ခင်ဗျား လာနောက်မနေနဲ့ ..မရယ်ရဘူး"
မင်းသန့်ကိုကိုမောင် သူ့ရဲ့ မျက်နှာလေးကို အငယ်ဆုံး ပြုလုပ်ကာ မောင့်ရဲ့ စိတ်အစုံကို နူးညံ့စေ၏ ။
မောင်ဆိုတာကလဲ တခြားသူတွေကိုသာ သူက အမျိုးမျိုး ကစားလာတာ သူသိပ်ချစ်ရတဲ့ မင်းသန့်ကိုကိုမောင် ဆိုတဲ့ မြေခွေးထီး ကြီးနဲ့ဆို သူဘာကိုမှ မစဉ်းစားနိုင်တော့အောင် သူဟာ ရိုးသားသွားရပြန်သည်။
အကြာကြီး ချစ်ခဲ့ရတဲ့သူမို့ ဒီလူနဲ့ ပတ်သက်လာရင် အရာရာ လက်နက်ချချင်စဖွယ် ကောင်းသည်။

YOU ARE READING
Min Thant Ko Ko Maung + Maung {S1}(Completed)
Romantik🔞🔞🔞 ချိုပြီး မှောင်တာကြောင့် Warning ကြိုပေးထားပါတယ်ရှင်။ 🚨🚨🚨ရှောင်တဲ့သူဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။