{1} Uni

17.9K 438 52
                                    

၁၉၉၈ခုနှစ်~~~~

မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး လူကြီးတွေအချင်းချင်း အငြင်းပွားမှု​ဖြစ်ပွားထားတာကြောင့် ငယ်ရွယ်သူ ချစ်သူ နှစ်ဦးက ချစ်လျှက် နဲ့ ခွဲခွာ ကြရသည်။

မြေယာပိုင်ဆိုင်မှု ပြဿနာတွေ မဖြစ်ခင်အထိက လက်ထပ်ထိမ်းမြှားဖို့အတွက် နှစ်ဦးနှစ်ဖက် နားဖောက်ထားကြသော်လည်း မင်္ဂလာဆောင်ရန် တစ်ရက် အလိုကြမှ ပြဿနာတွေ ထဖြစ်တာကြောင့် မင်္ဂလာ ပွဲဟာ တစ်သက်တာ အတွက် ပျက်သုဥ်းသွားလေတော့သည်။

မိဘတွေ သဘောမတူတာကြောင့် အိမ်ချင်းကပ်လျှက် ဖြစ်သော်လည်း ချစ်သူ နှစ်ဦးမှာ စည်းခြား ခံထားရသေးသည်။

ရှိုင်းသန့်မောင်မောင်ဆိုတဲ့ အသက် ၂၀ အရွယ် အမျိုးသားငယ်လေးက မိဘတွေ သဘောမတူတဲ့ သူ့ချစ်သူ သဇင်ဝင့်ဝါ လေးကို တွေ့ရဖို့ အရေး ညသန်းခေါင်ကြီး ပုဆိုးကို ခါးတောင်းကျိုက်ကာ သံဆူးကြိုးတွေ အထပ်ထပ် ခတ်ထားပါသော သဇင်ဝင့်ဝါတို့ အိမ်ကို အဆူးတွေ အဆူးခံပြီး သွားသွားတွေ့တာ နေ့စဥ်နှင့်အမျှပင်။

သူသွားတိုင်းလဲ သဇင်ပန်းလေး သုံးခက် က မပါမဖြစ်။ ချစ်ရသူက သဇင်ပန်းကို သိပ်ကို ကြိုက်နှစ်သက်ပါ၏ ။

နှစ်ထပ်တိုက် ဖြစ်သည့်အလျှောက် အပေါ်ထပ်မှာ နေတဲ့ သဇင်ဝင့်ဝါကို ခိုးခိုးပြီး သွားတွေ့ ရတာ လွယ်တော့ မလွယ်လှ။

ရှိုင်းသန့်မောင်မောင်က လဲ အသားအနာခံပြီး သွားသွားခိုးတွေ့သလို သဇင်ဝင့်ဝါခမျာလဲ ချစ်ရသူရဲ့ သွေးသံတရဲရဲ ခန္ဓာကိုယ်ကို လာခိုးတွေ့တိုင်း မြင်နေရတာကြောင့် စိတ်တော့ မချမ်းသာနိုင်။

ဝါ့ခမျာ မောင့်ကိုတွေ့လို့ ပျော်ရပေမယ့် မောင့်ရဲ့ သွေးတွေ မြင်တော့ မျက်နှာလေးက ညှိုးနွမ်းသွားကာ....

"မောင် ရယ် အပင်ပန်းခံပြီး မလာပါနဲ့လား..
မောင့် အရေပြားပေါ်က သွေးအရောင်တွေ မြင်တိုင်း ရင်တွေ နာရလို့ပါ"

ဝါကသာ မျက်ရည်လေးတွေ အဝိုင်းသား စကားဆိုနေပေမယ့် မောင့်ကတော့ ပြုံးရွှင်ကာ သဇင်ပန်းလေးတွေကို ထောင်ပြရင်း ....

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now