"ကိုကို"
"ဗျာ "
"ကိုကို့မျက်နှာက ဘာလို့ ရဲနေတာလဲဟင်။ နားရွက်တွေလဲ ရဲနေတယ်။ မမမေရှား ဘာပြောသွားလို့လဲ"
"ဟင့်အင်း ဒီအတိုင်း နောက်သွားတာ"
မောင်က မင်းသန့်ကိုကိုမောင်ရဲ့ ကုတင်ဘေးရှိ လူနာစောင့် ထိုင်ခုံလေးမှာ ထိုင်ရင်း အသက်ဘေးက လွတ်လာတဲ့ မင်းသန့် ရဲ့ မျက်နှာလေး ကို တဝ ကြီး ကြည့်နေလိုက်၏ ။
မင်းသန့်ကိုကိုမောင်လဲ သူ့ကလေးလေးက သူ့ကို မျက်စိအောက်က ပျောက်ကွယ်သွားမှာ စိုးရိမ်သည့်အလား ဂရုတစိုက် ကြည့်နေတော့ သူ့ကိုယ်သူ မောင့် ရဲ့ မြတ်နိုးဖွယ်ရာလေးလိုခံစားမိလာတာကြောင့် အရှက်ပိုရပါသေးသည်။
နာကျင်နေတဲ့ ခန္ဓာကိုယ်လေးကို ဘေးစောင်း အနေအထားပြောင်းလိုက်ပြီး သူ့ကို မေးလေးထောက်ကာကြည့်နေတဲ့ မောင်နဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် နေလိုက်၏။
"Baby ကိုကို့ ရဲ့ မျက်နှာလေးကို ကြည့်ရတာ ပို အဆင်ပြေအောင်လို့ "
မင်းသန့်က ပြုံးကာ မောင့်အမေးအားဖြေသည်။ ထိုအခါ မောင်က လဲ မင်းသန့်ရဲ့ နဖူးပေါ်မှာ ဝဲကျနေတဲ့ ဆံပင်လေးတွေကို သေသပ်အောင် လုပ်ပေးရင်း...
"ကိုကို အရမ်းနာနေသေးတယ် မှတ်လား"
တကယ်က အရမ်းနာကျင်နေသေးသည်။ သူတစ်ခါမှ အောက်မှာ နေရတဲ့ လူတွေရဲ့ ခံစားချက်က သေလောက်အောင် နာကျင်တယ်ဆိုတာ မသိခဲ့ဘူး ။အခုလို သိသွားခဲ့ရတော့ သူ့ကလေး ကိုလဲ နောက်ဆို အဲ့လို မလုပ်တော့ဖို့ ဆုံးဖြတ်ချက် ချထားလိုက်တော့သည်။သူ့ကလေးရဲ့ အရာငယ်က သူ့ အရွယ်အစား လောက်တောင်မရှိဘူး။အဲ့ဒါတောင် သူအရမ်းနာရသည်။ သူ့အရွယ်အစားက သူ့ကလေးထက် အများကြီး ကြီးသည်။ အဲ့ဒါကြောင့် သူ့ကလေးကို သူလုပ်တုန်းက သူနာတာထက်ပိုပြီး သူ့ကလေးက အရမ်းနာနေမှာ•••။
"ဟင့်အင်း"
"ကိုကို ညာတယ် ။ကိုကို အရမ်းနာနေမှာ ကျွန်တော်သိတယ် ။ စောစောကလဲ ကိုကို့မျက်နှာ မဲ့သွားတာ ကျွန်တော်မြင်တယ် "
မောင့်မျက်နှာဟာ အရှုံးသမားတစ်ယောက်လို ပူဆွေးနေသည်။ထို့အပြင် မျက်နှာလေးကလဲ ချောင်ကျကာ မျက်လုံးတွေက လဲ အစ်ဖောင်းနေပြီး စိတ်မကောင်းဖြစ်နေတဲ့ အမူအရာလေး ဖြစ်နေတာကြောင့် ...
YOU ARE READING
Min Thant Ko Ko Maung + Maung {S1}(Completed)
Romance🔞🔞🔞 ချိုပြီး မှောင်တာကြောင့် Warning ကြိုပေးထားပါတယ်ရှင်။ 🚨🚨🚨ရှောင်တဲ့သူဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။