{33} Uni

2.9K 88 4
                                    

ဆေးရုံသို့ ရောက်ရောက်ချင်း အရေးပေါ်လူနာ အဖြစ်ဖြင့် အသက်ကို လုပြီး ကယ်လိုက်ရသည်။

နှလုံးခုန်သံတွေ ဟာ ရပ်တန့် သွားမည် စိုးရိမ်နေရ၍ ဆရာဝန်တွေ ကြိုးစားပမ်းစားဖြင့် ကုသနေရသည်။

ဦးကိုကိုအောင် အနေဖြင့် ယုံကြည်ရသည့် လူယုံ ဆရာဝန်ထံ ခေါ်လာသော်လည်း စိုးရိမ်စိတ်တို့က ဖြစ်ပွားနေရသည်။ ကျန်တဲ့ အရာတွေထက် ချစ်သမီးလေး လူသတ်မှု မြောက်သွားမည် ကို ပိုစိုးရိမ်နေရသည်။

အရေးပေါ်ခန်းရှေ့ တွင် ထိုင်စရာ ခုံ ရှိသော်လည်း ဦးကိုကိုအောင် မထိုင်နိုင်။ ရသမျှ ဘုရားစာတွေ မှန်သမျှကို ရွတ်ဆိုပြီး ဆုတောင်းမှု ကို ပြုမူဆောင်ရွက်နေလေသည်။သူစိတ်ထဲ ထင့်နေလို့ လိုက်လာခဲ့တာ မှန်သွားသည်။

တစ်ကိုယ်လုံး ကြေမွ မတတ် အရိုက်ခံထားရတဲ့ လူငယ်လေး ရဲ့ မျက်နှာလေး ကို မြင်ယောင်မိရင်း စိတ်ထဲ လေးလံ နေရသည်။

ဆရာဝန်များ၏ ကြိုးစားမှုဖြင့် မောင့်ရဲ့ နှလုံးခုန်နှုန်းတွေက ပုံမှန် ပြန်ဖြစ်လာခဲ့သည်။ သို့သော် မောင်ဟာ သတိမရသေးဘဲ ဖြစ်နေလေသည်။

ဦးကိုကိုအောင် အနေဖြင့် အချိန်အတော် အသင့် စောင့်ပြီးချိန်တွင် အရေးပေါ်အခန်းထဲ က ဆရာဝန်က စိတ်အေးချမ်းစွာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။

"ဆရာ လူနာ အခြေအနေလေး သိချင်လို့ပါ "

"လူနာက မုဒိမ်း အကျင့် ခံထားရတယ်။ အထူးသဖြင့် Toy တွေ နဲ့ ကစားခြင်း ခံထားရတယ် ။ အားပြင်းပြင်း ရိုက်ချက်တွေနဲ့ လဲ ခံထားရတယ် ။ဆေးရုံ စောစော ရောက်လာတာ ကံကောင်းသွားတယ်။ သူ့ရဲ့ Oxygen ကတော်တော်ကျနေတာ ။ လူနာကလဲ စိတ်လျှော့ထားပုံပဲ အခုတော့  ပုံမှန်ပြန်ဖြစ်နေပြီ ဒါပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်က နာကျင်မှုကို ဦးနှောက်ကတောင် ခံနိုင်ရည်မရှိတော့ဘူး ။ အရမ်းကြီးတော့ မစိုးရိမ်ပါနဲ့   ကျန်တာတွေက နောက်မှ ထပ်စစ်ဆေးလို့ ရမှာ သူ နိုးလာဖို့ကတော့ လို ဦးမယ် "

"ကျေးဇူးပါ ဒေါက်တာ ဒါပေမယ့် ဒီကိစ္စကို လျှို့ဝှက်ထားချင်ပါတယ် "

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now