1.9.2022ခုနှစ်က မေရှားခက်ထန် နှင့် အိမ့်မှူးသခင်နွယ် တို့ရဲ့ နှစ်ဦးသဘောတူလက်ထပ်ထိမ်းမြားကြတဲ့ နေ့ရက်ကလေးပင်။
ရှေ့နေကြီးရှေ့တွင် အနီရောင် ချိတ်ဆင်တူ ဝတ်ထားသည့် မေရှားခက်ထန် နှင့် အိမ့်မှူးသခင်နွယ်တို့ နှစ်ဦးသည် လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးခါနီး အချိန်၌ မေရှားခက်ထန်က အိမ့်မှူးသခင်နွယ်အား စိတ်လှုပ်ရှားစွာဖြင့် သူမနှင့် တကယ် လက်ထပ်မှာ သေချာရဲ့လား လို့ မေးနေမိသည်။
"မိန်းမလေး... နင် ငါနဲ့ လက်ထပ်မှာ တကယ် သေချာသွားပြီလား "
အချစ်က ရယူပိုင်ဆိုင်ခြင်း ဆိုပေမဲ့ အိမ့်မှူးကို နောက်မှ နောင်တ မရစေချင်ပါဘူး။ သူချစ်ရတဲ့ အိမ့်မှူးလေး အစစ်အမှန်ပျော်နေတာပဲ မြင်ချင်မိသည်။ အိမ့်မှူးသာ လက်မခံဘူး ဆိုရင် အိမ့်မှူးသဘောအတိုင်းသာ ဖြစ်စေရမည်။
လပ်ထပ်စာချုပ် ချုပ်ဆိုရန်အတွက် အကြိမ်ကြိမ် အခါခါ သဘောတူပါသည်ဟု ပြောထားပါလျှက်ကို ဒေါ်မေရှားခက်ထန်တို့က တကယ်ပင် လူကို မယုံသင်္ကာ ဖြစ်လွန်းလှသည်။
လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးခါနီးကြီး ဘောပင်ကို ချကာ အမေးစကား ဆိုသော်လည်း စိတ်ရှည်လက်ရှည်ဖြင့်သာ မေရှားရဲ့ လက်ကလေး ကို ဆုပ်ကိုင်လိုက်ပြီး သေချာဖြေရှင်းပေးရသည်။
"သေချာတယ် အချစ်လေး
ငါ ဒီရက်ပိုင်း သေချာစဥ်းစားပြီးသွားပြီ ..
အချစ်ရေးမှာ ကျား ၊မ မရှိဘူး ။
အချစ်က အချစ်ပဲ
မိန်းကလေးချင်းတွဲရတာ အရမ်းပျော်စရာကောင်းတယ် အချစ်လေး
ငါတို့ မိန်းကလေးချင်းကျတော့ တစ်ခုခု ဆို နားလည်လွယ်ကြတယ် ။
မြွေမြွေချင်း ခြေမြင်တယ်ဆိုသလို ငါဘယ်ခြေလှမ်း လှမ်းသလဲ နင်သိနိုင်သလို နင် ဘယ်ခြေလှမ်း လှမ်းသလဲ ဆိုတာလဲ ငါ သိနိုင်တယ်
ငါ ယောက်ျားတွေ ကို ကြောက်တယ်အချစ်လေး
ယောက်ျားလေးတွေ က မာယာများတယ်
မိန်းမတွေ ဘယ်လောက်မာယာများများ ယောက်ျားတွေ မာယာများတာရဲ့ ခြေဖျားပဲ ရှိတယ်။
ငါ ဦးနှောက်နဲ့ ပဲ စဥ်းစား စဥ်းစား နှလုံးသားနဲ့ပဲ စဥ်းစား စဥ်းစား
ငါ ကမ္ဘာပေါ် မှာ ချစ်သူ တစ်ယောက်လို အိမ်ထောင်ဖက်ကောင်းတစ်ယောက်လို ချစ်နိုင်တာ ဆိုလို့ မေရှားခက်ထန် ဆိုတဲ့ အမျိုးသမီးလေးပဲ ရှိတယ်။
ငါ နင့် ကို အရမ်းချစ်တယ် ငါ့ အချစ်လေး
နင်က ငါ့သူငယ်ချင်းဆိုလည်းဟုတ်တယ် ငါ့မိန်းမဆိုလဲ ဟုတ်တယ်"
YOU ARE READING
Min Thant Ko Ko Maung + Maung {S1}(Completed)
Romantizm🔞🔞🔞 ချိုပြီး မှောင်တာကြောင့် Warning ကြိုပေးထားပါတယ်ရှင်။ 🚨🚨🚨ရှောင်တဲ့သူဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။