"ရှိုင်းသန့်မောင်မောင် လူပြန်ဝင်စားခြင်း"
ဒေါ်နီလာမင်း ကိုယ်ဝန်စရ ထဲကိုက ရိုးရိုးမွေးမယ်လို့ ကြံရွယ်ထားခဲ့သော်လည်း အမြွှာလေးတွေဖြစ်တဲ့ အပြင် ကလေးအနေအထားကလဲ မူမမှန်တာကြောင့် ဗိုက်ခွဲမွေးဖို့သာ ဆုံးဖြတ်ထားသည်။၂ရက် ၊ ၄ လ ၊ ၂၀၀၀ခုနှစ် ၊ တနင်္ဂနွေနေ့ ည ၁ နာရီ မှာ အကြီးကောင်လေးကို မွေးဖွားပြီး နောက်ထပ် ၁၅ မိနစ်အကြာမှာ အငယ်မလေးကို မွေးဖွားသည်။
အမြွှာထဲက အကြီးလေးကို မွေးဖွားနေရင်း ထူးဆန်းသော အရာတွေကြောင့် ဆရာဝန်တွေ ခမျာ စိုးရိမ်သောက ရောက်ကြရသည်။
လည်ပင်းအဖြတ်ခံထားရသည်ကို ပြန်ဆက်ထားသည့် ပုံစံမျိုးဖြစ်နေကာ လည်ပင်းတစ်ဝိုက်လုံးကလဲ သွေးတွေ စီးကျနေတာကြောင့် မသိလျှင် မွေးဖွားနေရင်း တစ်ခုခု နဲ့ ထိုးဆွမိသည်ဟု ထင်ရနိုင်သော်လည်း တကယ်က လည်ပင်းတစ်ဝိုက်လုံးက သေချာကြည့်လေ ခေါင်းဖြတ်ခံရတာနဲ့ ပိုတူလေမို့ ဆရာဝန်တွေ အမှားလုံးဝ မဟုတ်ချေ။
ကလေးက မွေးလာကထဲကိုက သွေးထွက် လွန်နေသည့်အပြင် နှလုံးကလဲ မူမမှန်တာကြောင့် အငယ်မလေးထက် ပိုဂရုစိုက်ရသည်။
မွေးလာထဲကိုက ချစ်စရာကောင်းတဲ့ အသွင်အပြင်လေးတွေကြောင့် ဦးကိုကိုအောင် နဲ့ ဒေါ်နီလာမင်းတို့မှာ ကလေးနှစ်ယောက်ကို လက်ကမချနိုင်ကြချေ။
အမြွှာနှစ်ယောက် ဖြစ်နေတာတောင် မွေးကထဲကိုက ကျန်းမာရေးမကောင်းတဲ့ အကြီးကောင်လေးကို ဒေါ်နီလာမင်း ပို ဂရုဏာသက်မိသည်။
အကြီးကောင်လေးကို မင်းသန့်ကိုကိုမောင် ဆိုတဲ့ နာမည်ကို ပေးပြီး အငယ်မလေးကိုတော့ အိမ့်မှူးသခင်နွယ်ဆိုတဲ့ နာမည်လေးတွေကို ပေးအပ်ထားသည်။
နက်ရွှင်နေတဲ့မျက်လုံးလေးတွေ၊ ထူထဲတဲ့မျက်ခုံးမွှေးတွေနဲ့ ရှည်လျားပြီး ကော့ညွတ်တဲ့ မျက်တောင်စိပ်စိပ်တွေအပြင် ချွန်ထက်တဲ့ နှာတံလေးတွေက မင်းသန့်ကိုကိုမောင်ဟာ ယောက်ျားလေး တစ်ယောက်ဖြစ်သော်လည်း ရုပ်ချင်းတူတဲ့ အမြွှာညီမဖြစ်သူ အိမ့်မှူးသခင်နွယ်ထက်တောင် ပိုကြည့်ကောင်းသေးသည်။
![](https://img.wattpad.com/cover/354940103-288-k617663.jpg)
YOU ARE READING
Min Thant Ko Ko Maung + Maung {S1}(Completed)
Romansa🔞🔞🔞 ချိုပြီး မှောင်တာကြောင့် Warning ကြိုပေးထားပါတယ်ရှင်။ 🚨🚨🚨ရှောင်တဲ့သူဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။