{40} Uni

3.1K 87 11
                                    

ဖုန်းရဲ့ အလေးချိန်က သိပ်မလေးသော်လည်း အိမ့်မှူးသခင်နွယ်ရဲ့ အားက ပြင်းထန်လွန်းတာကြောင့် ဖုန်းရဲ့ဒေါင့်နဲ့ ပြင်းပြင်းထန်ထန်ထိမိပြီး မောင့်ရဲ့နဖူးကသွေးတွေ စီးကျလာသည်။

ဒေါသစိတ်ကြောင့် မောင့်ရဲ့ မျက်ဝန်းတွေက ရဲတောက်လာကာ...

"ဘာလုပ်တာလဲ သခင်... နင် ငါ့ကို နှိပ်စက်လို့ မဝသေးဘူးလား"

အိမ့်မှူးသခင်နွယ်ရဲ့ ဒေါသတွေကလဲ ပိုကာ တောက်လောင်လာသည်။

"နင့်လိုကောင်က.. အဲ့ အချိန်ထဲက သေသင့်တာ"

"ရှူး °°° ကိုကို အိပ်နေတယ် အသံကျယ်ကြီး မပြောနဲ့ "

ကိုယ်ကိုယ်တိုင်က အိမ့်မှူးသခင်နွယ်ရဲ့ လက်ချက်ကြောင့် နာကျင်နေရပေမယ့် အိပ်ရေးပျက်ထားတဲ့ ကိုကို နိုးသွားမှာ စိုးရိမ်တာကြောင့် အသံတိုးတိုးလေးနဲ့သာ ပြန်ပြောမိသည်။

နားထဲကြားနေရသည့် ဆူညံသံတွေကြောင့် မင်းသန့်ကိုကိုမောင် နိုးလာ၏ ။ ပြီးတော့ မင်းသန့်ကိုကိုမောင် မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က  မောင့်နဖူးကသွေးတွေဖြစ်တာကြောင့်  မြင်မြင်ချင်းစိုးရိမ်စိတ်တို့ ကြီးစိုးလာသည်။

"ညီလေး အဆင်ပြေရဲ့လား"

မင်းသန့်ကိုကိုမောင် သူ့အရှေ့မှာရှိနေတဲ့ မောင့်ရဲ့ သွေးတွေကိုမြင်ပြီးရင်ထဲ ပူလောင် လွန်းနေတာကြောင့် မောင့်ရဲ့ ဘေးမှာ ရပ်နေတဲ့ အိမ့်မှူးသခင်နွယ်နဲ့ မေရှားခက်ထန် ကိုပင် မမြင်နိုင်။

မောင့်ကို ဒေါသထွက်နေရတဲ့ကြားကနေ အကိုဖြစ်သူရဲ့ ဖြစ်ပျက်နေတဲ့ အမူအရာကြောင့် ....

"မင်းသန့်ကိုကိုမောင်!!!!"

"နင် ဘာတွေ လျှောက်လုပ်နေတာလဲ အိမ့်မှူးသခင်နွယ် !!!"

"နင်က ဒီမုဒိမ်းကောင်ကြောင့်နဲ့ ငါ့ကို အော်နေတာလား!!!!!"

"မောင့်ကို ဘယ်လိုတွေ ခေါ်နေတာလဲ "

အိမ့်မှူးသခင်နွယ် မောင့်အား သေချာစိုက်ကြည့်ကာ...

"သူနဲ့ လိုက်ဖက်မဲ့ နာမည်လေ.. အဲ့အကောင်ကိုမေးကြည့်လိုက် ဟုတ်လား မဟုတ်လား လို့ "

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now