{46}Uni

3K 108 15
                                    


"ဒကာလေး"

ခေါ်ဆိုတဲ့ အသံထဲမှာ အေးချမ်းမှုတွေ ပြည့်နှက်လို့ နေလေသည်။

မင်းသန့်ကိုကိုမောင် ဒူးလေးထောက်ကာ ထိုင်ချလိုက် ပြီး လက်အုပ်ကလေးချီကာ ဦးသုံးကြိမ်ချ ကန်တော့ လိုက်သည်။

ဦးဇင်း ရှင်မာဓိကာရော မင်းသန့်ကိုကိုမောင် ရော နှစ်ဦးစလုံး ဘာစကားမှ ဆက်မပြောဖြစ်။

နှစ်ယောက်စလုံးရဲ့ အေးစက်စက် အခြေအနေနားကို ရှင်မာဓိကာရဲ့ အဖွား ရောက်လာမှသာ တိတ်ဆိတ်တဲ့ အခြေအနေက အသံလေးတွေ ပြန်ထွက်လာသည်။

မောင့်ရဲ့ မိဘတွေကလဲ သိသင့်သလောက်သိထားတာ မို့ ဘာစကားမှတော့ မဆို။

အဖွားကတော့ အေးစက်စက်အခြေအနေအား ဖြိုခွင်း ရန် မင်းသန့်ကိုကိုမောင်အား ခေါ်ထုတ်သွားသည်။

လူရှင်းတဲ့ နေရာရောက်တာနဲ့ မျက်နှာမကောင်းတဲ့ မင်းသန့်ကိုကိုမောင်အားကြည့်ပြီး ခေါင်းခါ ရမ်း မိသည်။

"ရာသက်ပန် ဝတ်တာ မဟုတ်ပါဘူးကွယ် "

အဖွားဆီက ကြားရတဲ့ စကားကြောင့် မင်းသန့်ကိုကိုမောင် စိတ်လှုပ်ရှားမိသွားတာ အမှန်။

"ဗျာ..!!"

မင်းသန့်ရဲ့ အတွေးတွေကို အဖွားက သိသလို ပြောနေတာကြောင့် မင်းသန့်အံသြမိသည်။

"မနက်ဖြန် ညနေ ၄ နာရီ လူထွက်မှာ.... #### ကျောင်း မှာ "

"ဟုတ်ကဲ့ပါခင်ဗျာ..."

မင်းသန့်ကိုကိုမောင် ရဲ့  မျက်တောင်လေး တခတ်ခတ်ဖြစ်ကာ အံ့ဩနေတဲ့ ပုံရိပ်လေးကြောင့် အဖွားက ပြုံးသည်။

"ရာသက်ပန် ဝတ်ဖို့ဆိုရင် လောကီရေးရာတွေကို ဖြတ်တောက်နိုင်ဖို့လိုတယ် သား ...
သားတို့ နှစ်ယောက်စလုံး ဖြတ်တောက်နိုင်ဖို့ မသေချာပါဘူး..."

"သား နားလည်ပါပြီ အဖွား "

မင်းသန့်ကိုကိုမောင်ရဲ့ စိတ်တွေက အခု မှ အေးချမ်း သွားတော့သည်။ သူတော့ ငရဲ ကြီးနေတော့မှာပင်။ လူတွေရဲ့ အတ္တက သိပ်ကို ကြောက်စရာကောင်း သည်။

အရင်ထဲက ရိပ်မိနေတာတွေ အခုမှ အတိအကျမှန်နေ တာကို ဒေါ်လေဒီမင်း သိလိုက်ရသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now