အသက်ရှူသံမှန်မှန်လေးနဲ့ အိပ်ပျော်နေတဲ့မောင့်ရဲ့ မျက်တောင်တွေက ဖြာထွက်နေပြီး အနီးကပ်ကြည့်မိတဲ့အခါ တစ်ပင်ချင်းကို စိတ်ရှည်ရှည်နဲ့ ရေတွက် ချင်စဖွယ်ကောင်းသည်။
မောင့််မျက်နှာလေးကို တစိမ့်စိမ့် စိုက်ကြည့်နေရင်း အသည်းယားလာတာကြောင့် ချစ်စရာကောင်းနေတဲ့ မောင့် ရဲ့ ပါးပြင်ကလေး ကို နစ်ဝင်သွားတဲ့အထိ နှာခေါင်းချွန်ချွန်လေးနဲ့ အနမ်းပေးတဲ့အခါ အိစက်တဲ့ပါးပြင်ရဲ့ အထိအတွေ့ကို သဘောကျမိသည်။
မောင့်ရဲ့ မေးစေ့လေးကို မနာအောင် ဖွဖွလေးကိုက်ခဲပြီးတဲ့အခါ ဖြတ်မရအောင်စွဲလမ်းနေတဲ့ ဆေးလိပ် သောက်ရန် ဝရံတာကို ထွက်လိုက်သည်။
မောင် လန့်နိုးမှာစိုးရိမ်တဲ့အတွက် ခြေသံမကြားအောင် ဖြည်းဖြည်းဖွဖွ ကြမ်းပြင်ကို နင်းပြီး ဝရံတာကို ထွက်ပြီးတဲ့ အခါ အခန်းပြင်က အနံ့တွေ အတွင်းထဲ မဝင်သွားအောင် တံခါးကိုပါ ပိတ်လိုက်၏
မောင်နိုးလာတာနဲ့ မျက်လုံးတောင် မဖွင့်သေးခင် မင်းသန့်ကိုကိုမောင်ရဲ့ ခန္ဓာကိုယ်ကို အရင်းစမ်းတဲ့အခါမင်းသန့်ကိုကိုမောင်ကို မတွေ့ရတာကြောင့် စိုးရိမ်စိတ်တို့က မြင့်တက်လာရတော့သည်။
နှစ်တွေ အကြာကြီး ဝေးခဲ့ပြီးပြီ ။ အခု ထပ်ပြီး ကိုကိုသာ ထွက်ပြေးသွားရင် သူ နောက်တစ်ခါ ထပ်ရူးရပါလိမ့်မည်။
ရေချိုးခန်းထဲ အိမ်သာထဲတွေ ပါ မကျန် လိုက်ရှာမိသော်လည်း ကိုကို့ကို မမြင်ရတာကြောင့် ရင် တွေ ပူလောင် လာသည်။
အခန်းတစ်ခန်းလုံး မွှေနှောက်ရှာဖွေရင်း သူရေရွတ်နေသည်က "ကိုကို " ဟူသော နာမ် စား တစ်ခုတည်းသာ ။
မောင်အခန်း တစ်ခုလုံးပတ်ရှာပေမဲ့ မတွေ့တဲ့အဆုံး ရှာရန်လိုနေသောနောက်ဆုံးတစ်နေရာဆီကို ခြေလှမ်း လှမ်းနေပေမဲ့ စိတ်အစုံတို့ဟာ မတွေ့ရတော့မှာကို စိုးရိမ်ကြောင့်ကြနေတာ သူ တစ်ဦး တစ်ယောက်က သာ အသိဆုံး။
ဝရံတာတံခါးလေးကို မရဲတရဲဖွင့်တဲ့အခါ နှာခေါင်းထဲကို စူးခနဲ့ ဝင်ရောက်လာတဲ့ အငွေ့အသက်ကြောင့် စိတ်ရှုပ်ရပေမဲ့ လှပတဲ့ ကိုကို့ နှုတ်ခမ်းပါး နှစ်လွှာက မှုတ်ထုတ်လိုက်တယ်ဆိုတာ သိလိုက်ရတော့ မောင့်ရဲ့စိတ်အစုံဟာ အေးချမ်းသွားပြီး လေထဲမှာ ပျံဝဲနေတဲ့ ကိုကို့ ဆေးလိပ်ငွေ့တွေကအစ အကုန်လုံးကို သူတစ်ယောက်ထဲကသာ ရှူရှိုက်ချင်လာသည်။
YOU ARE READING
Min Thant Ko Ko Maung + Maung {S1}(Completed)
Romance🔞🔞🔞 ချိုပြီး မှောင်တာကြောင့် Warning ကြိုပေးထားပါတယ်ရှင်။ 🚨🚨🚨ရှောင်တဲ့သူဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။