"သား မော်လမြိုင်မှာ အခြေချမယ် မေကြီး..
မေကြီးတို့ဆီကို ၆ လ တစ်ကြိမ် ပြန်လာခဲ့မယ်""ဟိုအကောင်ကို မခေါ်လာ နဲ့ "
"မေကြီးရဲ့ ဆန္ဒအတိုင်း ဖြစ်စေရမယ်.. သားကို ခွင့်ပြုပါဦး မေကြီး"
မင်းသန့်ကိုကိုမောင် ဒေါ်နီလာမင်း နဲ့ သဘောတူညီမှု ယူပြီးတာနဲ့ အပြင်ကို ထွက်ရန် ခြေလှမ်းပြင်လိုက်၏။ထိုအချိန်မှာပဲ မေကြီးဆီကနေ အသံတိုးတိုးလေးနဲ့ တားဆီးသံလေးကိုကြားရသည်။
"နေဦး!!!!"
"ဗျာ မေကြီး"
"ကုတင်ပေါ်မှာ ခဏ ထိုင်နေ"
မင်းသန့်သူ့အမေ စကားအတိုင်းလိုက်နာကာ ကုတင်ပေါ်မှာ ထိုင်လိုက်သည်။
ထိုအခါ ဒေါ်နီလာမင်းကဆေးဘူးလေးကို ကိုင်ပြီး မင်းသန့်ကိုကိုမောင် ရဲ့ ဘေးမှာ ကပ်ထိုင်လာသည်။
မင်းသန့်ကိုကိုမောင် မျက်လုံးလေး ကလယ်ကလယ် နဲ့ သူ့အမေ လုပ်သမျှကို လိုက်ကြည့်နေမိသည်။
မေကြီးဟာ လည်ပင်းက သွေးတွေကို အရက်ပြန် နဲ့ သေချာဆေးပေးပြီး အနာကျက်ဆေးရည်လေးကို ဂွမ်းတံလေး နဲ့ ဖွဖွလေး တို့ထိပေးကာ စပ်နေမှာ စိုးရိမ်သည့်အလား ၊ လေ လေးပါ တဖူးဖူးနဲ့ မှူတ်ပေးပြီးမှ ပလာစတာလေး ကပ်ပေးသည်။
မင်းသန့်ကိုကိုမောင် သူ့ကိုယ်သူ သားဆိုး တစ်ယောက်မှန်းသိသည်။
သူ့အမေက အခု လို ဂရုစိုက်ပြတော့ သူ ပိုပြီး ဝမ်းနည်းမိသည်။ ဒီလိုတွေ ဝမ်းနည်းရလို့ မောင့်ကို စွန့်လွှတ်မလား မေးကြည့် •••
သူ ဘယ်တော့မှ မောင့်ကို စွန့်လွှတ်မှာ မဟုတ်ပေ။မင်းသန့်ကိုကိုမောင် သူ့အမေကို ဖက်လိုက်ပြီး တအိအိ ရှိုက်ငိုတော့သည်။သူ့အမေရဲ့ မေတ္တာတွေက တကယ်ကြီးမားသည်။
"မေကြီး သားတောင်းပန်ပါတယ်.. သားတောင်းပန်ပါတယ်နော်.. သားက လူဆိုးကောင်ပါ "
ဒေါ်နီလာမင်းအနေနဲ့ ရင်ထဲမှာ တင်းကျပ်နေသော်လည်း သားကို ပြန်ဖက်ကာ သားရဲ့ ဆံပင်လေးတွေကို ခပ်ဖွဖွပွတ်သပ်ပြီး...
![](https://img.wattpad.com/cover/354940103-288-k617663.jpg)
YOU ARE READING
Min Thant Ko Ko Maung + Maung {S1}(Completed)
Romance🔞🔞🔞 ချိုပြီး မှောင်တာကြောင့် Warning ကြိုပေးထားပါတယ်ရှင်။ 🚨🚨🚨ရှောင်တဲ့သူဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။