{42}ZG

785 10 0
                                    

"အဖ ဉီးကျင်ကြွယ် အမိ ဒေါ်ယုယမင်း တို့၏ သားဖြစ်သူ တရားခံ 'မောင်' သည် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (376) အရ ပြစ်မှု ထင်ရှားသောကြောင့် အလုပ်ကြမ်းနှင့် ထောင် ဒဏ် (7) နှစ် ကျ ခံစေ !!!"

တရားခွင်မှာရှိနေတဲ့ လူတွေ အကုန်လုံးက တရားသူကြီး ရဲ့ စကားကို လိုက်နာကြပေမယ့် မလိုက်နာ နိုင်သည်က အိမ့်မှူးသခင်နွယ် တစ်ဉီးသာ။

မောင် ကတော့ မျက်နှာသေဖြင့် အမိန့်တွေကို နာခံလေသည်။
သူ့ အပြစ်ကို သူ သိပေမယ့် တကယ်တမ်းကျ သူဟာ စိတ်ကျန်းမာရေးဆေးရုံက ဆင်းပြီးကာစ လူ တစ်ယောက်ပင် ။

အိမ့်မှူးသခင်နွယ် က မောင့်ရဲ့ ခံစားချက်မရှိတဲ့ မျက်နှာကို ကြည့်ရင်း 'တောက်'တစ်ချက်ခေါက်လိုက်ကာ သူမရဲ့ ဘေးနားက ထိုင်ခုံမှာထိုင်နေတဲ့ဖအေဖြစ်သူကို မကျေမနပ် စကားဆိုလာသည်။

"ဖေကြီး.. ထောင် ဒဏ် ၇ နှစ်က မနည်းလွန်းဘူးလား။
အမှန်ဆို ဒါက မုဒိမ်းမှုပဲလေ.. ထောင်ဒဏ် တစ်သက်တစ်ကျွန်း ဒါမှ မဟုတ်လဲ သေဒဏ် ချသင့်တဲ့ ပြစ်မှုမျိုး"

ဉီးကျင်ကြွယ် ရင်ခွင်ထဲမှာ မူးမေ့မတက် ငိုနေတဲ့ ဒေါ်ယုယမင်း ခမျာ အိမ့်မှူးသခင်နွယ်ရဲ့ စကားတွေ ကြားပြီး ပို ရင်နာမိသည်။မကြားချင်ပေမဲ့လဲ နီးကပ်နေတဲ့ အနေအထားကြောင့် သူမကြားနေရသည်။

သူမဟာ မိခင် တစ်ဉီး မဟုတ်ပေဘူးလား။ သူမ ရင်ထဲက ဖြစ်ပေါ်လာတဲ့ တစ်ဉီးတည်းသော သားလေးကို ယခုလို ပြောထွက်လာတဲ့ မိန်းကလေးငယ်အား စိတ်ရှိတိုင်း ဆွဲလုပ်ပစ်လိုက်ချင်ပေမယ့် သူမ ရဲ့ သားလေးသာ ခံရသူဆိုရင် သူမလဲ ဤကဲ့သို့ ပြောမိမှာပဲ ဖြစ်သည်။သူမသည်လည်း မိဘပေမို့ ခံစားချက်ကို နားလည်သည်။

ထို့ကြောင့် အိမ့်မှူးသခင်နွယ်ရဲ့ အနားလေးကို လျှောက်သွားကာ လေသံအေးအေးလေးဖြင့် ....

"သမီး... အန်တီ တောင်းပန်ပါတယ်..
သားသားက မသိနားမလည်လို့ ဖြစ်သွားတာပါ။ ပြီးတော့ သားသားက စိတ်ရောဂါသည်လေ သမီးရယ်။
သူ့ဟာသူတောင် ဘာတွေ လုပ်မိမှန်း သိရှာတာ မဟုတ်ပါဘူး။
သူ့စိတ်တွေက ပုံမှန်လူတွေလိုမှ မဟုတ်ခဲ့တာ "

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now