{7} Uni

6.7K 281 20
                                    

၂၀၁၅ ခုနှစ် ၄ လပိုင်း ၁၃ရက် သင်္ကြန်အကြိုနေ့

မောင်တို့ မိသားစုက တစ်နှစ်တစ်ခါ သင်္ကြန်တိုင်း ရန်ကုန်က အဘွားဖြစ်သူ ဒေါ်လေဒီမင်းဆီကို အလည်လာကြသည်။

သင်္ကြန်အကြိုနေ့ မတိုင်ခင် တစ်ရက်အလိုရောက်ပြီဆိုတာနဲ့ ဘယ်လောက်ပဲ အလုပ်တွေ ရှုပ်ရှုပ် ဦးကျင်ကြွယ်ရဲ့ ကတိအတိုင်း မိသားစုလိုက် ရန်ကုန်ကို အရောက်လာလေ့ရှိ၏ ။

ဒေါ်လေဒီမင်းရဲ့ နှစ်ထပ်တိုက်လေးက လမ်းထိပ်ဆုံးမှာ ထင်းထင်းကြီး ရှိနေတဲ့ တိုက်ကြီး နှစ်လုံး အနက် တစ်တိုက် ဖြစ်တာကြောင့် နေရာအကွက်အကွင်းက ကောင်းသည့်အပြင် လမ်းထိပ်ဖြစ်သည့် အတွက်ကြောင့် အသွားအလာ အားလုံးကို မြင်နေရသည်။

မောင်က သင်္ကြန်ရောက်တိုင်း  တခြားသူတွေလို  လူပျိုပေါက်လေးပီပီ ရေမကစားပဲ အဘွားတိုက်ရဲ့ဒုတိယထပ် ဝရံတာကပဲ တခြားသူတွေ ရေကစားတာကို ငေးလေ့ ရှိသည်။

နှစ်ထပ် တိုက်လေး ရဲ့ ဝရံတာလေးပေါ်ကနေ အမြဲ သူများတွေ ရေကစားတာကို ကြည့်ပေမဲ့  တစ်ခါ မှ ရေမကစားခဲ့။မောင်ကိုယ်တိုင်ကိုက သီးသန့်နေရတာကို သဘောကျတာကြောင့် သူ့မိသားစုကလွဲပြီး တခြားသူတွေကို မေးထူးခေါ်ပြောနှင့်ပတ်သက်၍ လူမှုရေးအရတောင် မရှိခဲ့ဖူးချေ။

ဒီနှစ်လဲ ရေမကစားဘဲ ဝရံတာလေးကနေ အပြင်လောကကို  ငေးကြည့်နေရင်း မျက်နှာချင်းဆိုင်အရှေ့တိုက်ကနေ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်အတူတူ ထွက်လာတာကို မြင်လိုက်ရသည်။

အသစ်ပြောင်းလာသည့် လူတွေထင်သည်။သူအရင်နှစ်တွေ လာလည်တုန်းက တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်အတူတူ အိမ်ထဲကနေ ထွက်လာတာ က မထူးဆန်းသော်လည်း   Hoddie အမဲရောင် ဗြောင် နဲ့ ဂျင်းအနက်ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်ထားပြီး Nike Shoe အမဲရောင်လေး စီးထားတဲ့ ကောင်လေးကတော့ မောင့်ရဲ့ မျက်လုံးထဲမှာ ထူးခြားလွန်းနေသည်။

အဝေးကဖြစ်နေတာကြောင့် မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း အဲ့ကောင်လေးကို ကြည့်နေရင်း မောင့်ရဲ့ ရင်ဘက်တွေက အောင့်တက်လာကာ အကြောင်းပြချက်မရှိဘဲ ပါးပြင်မှာ မျက်ရည်တွေ ဆက်တိုက်စီးကျလာသည့်အပြင် ပါးစပ်က ဆက်တိုက်ရေရွတ်မိသည်က ~~

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now