{28} ZG

825 13 0
                                    

"ကလေးလေး ရစေရမယ်နော် သူ့ရဲ့ အနောက်ပေါက်ကို ဖွင့်ဖို့ ပစ္စည်းတွေ ငါ့မှာရှိပြီးသားပဲ "

"ဟမ်"

အိမ့်မှူးသခင်နွယ်ကြောင်အ သွားမိသည်။
မေရှားရဲ့ မျက်နှာ အမူအရာ အရ ဒါဟာ နောက်နေခြင်းလဲ မဟုတ်။

"အိမ့်မှူး"

"ရှင်"

"နင် သူ့ကို ကိုယ်တိုင်မလုပ်ဘူးလို့ ကတိပေး"

"ငါ သူ့ကို ကိုယ်တိုင်ပဲလုပ်ချင်တယ် မေရှား ..သူလာထိခဲ့တာ ငါ့မောင်လေးကို"

"ငါ ခွင့်မပြုနိုင်ဘူး"

မေရှားခက်ထန် နဲ့ အိမ့်မှူးသခင်နွယ် တို့ နှစ်ဉီးသား စကားပြောနေရင်း အိမ့်မှူးရဲ့ Ph က ringtone သံ မြည်လာသည်။

အိမ့်မှူးသခင်နွယ် ဖုန်းလက်ခံဖြေကြားလိုက်တာနဲ့ ကြားလိုက်ရတဲ့ အသံက သွေးပျက်ဖွယ်ရာ ကောင်းသည်။

မေကြီးရဲ့ အသံတွေဟာ တုန်ယင်နေသည်။

"ဟယ်လို မေကြီး"

(သမီးအကို အိမ်ပြန်ရောက်လာပြီ)

ကိုကြီး အိမ်ပြန်ရောက်လာပြီဆိုတာကြောင့် အိမ့်မှူးသခင်နွယ် ပျော်မိတာ အမှန်။

"မေကြီး တကယ်လား "

(တကယ်ပေါ့ သမီးရယ် နောက်စရာလား...
သမီးကိုကြီးက ရောက်လာထဲကိုက စကားတစ်ခွန်းမှ မပြောဘူး မေကြီးတို့ကို ဒါပေမယ့်လေ ....)

မေကြီးက စကားပြောရင်းနဲ့ ငိုသံကြီး ရောစွက်လာသည်။

"မေကြီး ဘာတြွေဖစ်လို့လဲ.... ဘာလို့ငိုနေတာလဲ~~"

(သားကြီးက ပုံမှန်မဟုတ်တော့ဘူး သမီး )

"ဘာကို ပုံမှန်မဟုတ်တာလဲ မေကြီး"

(သားကြီးပါးစပ်ကနေ မောင်ဘယ်မှာလဲ မောင်ဘယ်မှာလဲ ဆိုတဲ့ စကားလုံးကိုပဲ ဆက်တိုက်ရွတ်နေတယ်။ လူပုံစံကလဲ စုတ်စုတ်ပဲ့ပဲ့နဲ့ မျက်လုံးက ဂနာမငြိမ်ဘူး)

"ကိုကြီး ခေါင်းတွေ ဘာတွေ များ ထိထားလား မသိဘူး ... မေကြီးတို့ ဆေးရုံသွားပြီးပြီလား..."

(မေကြီးတော့ မထင်ဘူး သမီးရယ်... သားကြီး ပုံစံက အပြုစား ခံထားရတဲ့ ပုံစံမျိုးပဲ)

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now