{53}Uni

2.7K 88 16
                                    

အိမ့်မှူးသခင်နွယ်ရော မေရှားခက်ထန်ပါ နှစ်ယောက်စလုံး သူတို့အရှေ့က အတွဲကို ကြည့်မရ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထက် ဆိုးတဲ့ အတွဲ ဖြစ်နေသောကြောင့်ဖြစ်သည်။

မင်းသန့်ကိုကိုမောင်ရဲ့ အဖြေစကားကိုကြားပြီးတဲ့အခါ မင်းသခင်ခက်ထန် လဲ စိတ်ဝင်စားစရာလေး တစ်ခုကို တွေ့လိုက်တာကြောင့် ဆော့ကစားရန်အတွက် မင်းသန့် ပေါင်ပေါ်ကနေ ဆင်းကာ ကုတင်အောက်ကို ခုန်ချပြီး ဆင်းသွားသည်။

ကုတင်အောက်က လေးထောင့်ဆန်ဆန် အိတ်ထုတ်လေး တစ်အိတ်ကို တွေ့တော့ ကလေးပီပီ သကြားလုံးလို့ပဲ ထင်ပြီး စားရန် အိတ်ထုတ်ကိုဖောက်လိုက်တဲ့အခါ အဝိုင်းပြား အပေါက်ကျယ်ကျယ်  ပူစီဖောင်းလေးတွေ့တော့ စိတ်ပျက်သွားရ၏ ။

သူက  ကစားချင်တာမှ မဟုတ်တာ စားချင်တာ။ထို့ကြောင့်  စိတ်ပျက်လက်ပျက်နဲ့ ပဲ ပူဖောင်း ရဲ့ အဝ ထဲ သူ့နှူတ်ခမ်းလေး ထော်ပြီး မှုတ်နေတော့သည်။

အိမ့်မှူးသခင်နွယ်လဲ  ငြိမ်နေတဲ့ ကလေး ကို လွှတ်ထားရင်း သူ့မိန်းမ ဆီက လိုချင်တာတွေကို ချွဲပြီး ဝယ်ခိုင်းနေသည်။

မင်းသန့်ကိုကိုမောင်နဲ့ မောင်ကလဲ မင်းသခင်ခက်ထန်လေးငယ်ငယ်က ပုံလေးတွေကို ဖုန်းထဲကနေ အတူတူကြည့်ရင်း အပြုံးပီတိတွေ ဖြစ်နေရသည်။

မင်းသခင်ခက်ထန် ကစားနေရင်းကနေ ဘယ်လောက် မှုတ် မှုတ် အများကြီးထပ်ကြီးမလာတဲ့ ပူဖောင်းကြောင့် ဒေါသထွက်လာကာ သူ့မာမီ ရဲ့ လက်ကလေးကို ပုတ်ပြီး တိုင်ပြောသည်။

"မာမီ ဒီပူဖောင်းက ကြီးမလာဘူး"

"ဟမ် သားဆီ ဘယ်က ပူဖောင်းက ရောက်လာတာတုန်း"

ပါးစပ်ကသာ သားနဲ့ စကားပြောနေတာ မျက်လုံးကတော့ သူ့မိန်းမ ထံမှာသာ ရှိသည်။

သို့သော် အိမ့်မှူးသခင်နွယ် စိတ်ထဲ မသင်္ကာဖြစ်နေတဲ့အတွက် ကလေးဘက်လှည့်လိုက်တော့မှ မင်းသခင်ခက်ထန် လက်ထဲက ကွန်ဒုံးကို တွေ့လိုက်ရတာကြောင့် ...

"သားသား လွှင့်ပစ်လိုက် အော့အော့တွေ!!! "

"ပစ်ဘူး.. ပစ်ဘူး ...ကစားမလို့ "

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now