"ကိုကို !!!"
မင်းသန့်ကိုကိုမောင်ရဲ့ မျက်လုံးတွေကို သေချာစိုက်ကြည့်ကြီး ခေါ်လာတဲ့ နာမ်စားလေးကြောင့် မင်းသန့်ကိုကိုမောင်ရဲ့ နှလုံးခုန်သံတွေက မူမမှန်တော့သလို ချက်ချင်းဆိုသလိုပဲ ခန္ဓာကိုယ်တစ်ခုလုံး ပူခြစ်လာပြီး ဖြူဥနေတဲ့ ပါးပြင်တစ်ခုလုံးဟာ ရဲတက်လာသည့်အပြင် အသားဖြူလွန်းသူမို့ နားရွက်တွေကပါ နီရဲတက်လာသည်။
ယောက်ျားချင်း ကိုကိုဟု အခေါ်ခံရသည်ကတစ်ကြောင်း၊ အရင်ထဲကိုက ညီအကိုလိုလား ၊ ချစ်သူလိုလား ဘာမှန်းမသိတဲ့ ချစ်ခြင်းနဲ့ ချစ်ခဲ့ဖူးတာက တစ်ကြောင်းကြောင့် မင်းသန့် အရှက်ကြီး ရှက်နေမိသည်။
အဲ့အပြင် ဒီပါးချိုင့်ကောင်လေးရဲ့ ကိုကို ဟု ခေါ်တဲ့ အသံလေးနဲ့ပင် သူ မာ လာခဲ့သည်။
Hoodie က ခါးရှည်ဖြစ်နေလို့သာ တော်သေးသည်။အိမ့်မှူးအနေနဲ့ မောင့်အား ပြူးကြောင်ကြောင် ကြည့်မိသလို မင်းသန့်ကလဲ မျက်တောင်တောင် တစ်ချက် မခတ်ပဲ သတိမေ့နေသလို မောင့်အား အကြည့်မလွှဲပဲ ကြည့်သည်။
ထိုမှသာ မောင် အသိစိတ်ဝင်လာပြီး သေချာရှင်းပြတော့သည်။
"သြော်... ဟို... တစ်မျိုး မထင်ပါနဲ့။ ကျွန်တော်တို့ မော်လမြိုင်မှာ က ကိုယ့်ထက်ကြီးတဲ့ အကိုတွေဆို... ကိုကို လို့ပဲ ခေါ် ကြတာ"
အိမ့်မှူးရော မင်းသန့်ရောက မယုံချင်သော်လည်း ယုံချင်စရာကောင်းအောင် မျက်နှာလေးက ရိုးသားနေပြန်တော့ မယုံချင်ပဲ ယုံလိုက်ရသည်။
မင်းသန့်ကတော့ အမူအရာ မပျက်အောင် စိတ်ကိုတည်ငြိမ်အောင်ထားပြီး မတွေးသင့်တာ မတွေးပေမယ့် အိမ့်မှူးကတော့ မတူ အတွေးတွေက လွန်လာသည်။
မောင့်ရဲ့ အကြည့်တွေက မင်းသန့်ကိုကိုမောင် အပေါ်မှာ ပျော်ဝင်နေတာ အသိသာကြီး ။
သူမကိုတောင် အဲ့လို အကြည့်မျိုးနဲ့ စလိုက်တဲ့အချိန်ကစလို့ အခုလို ရည်စားသက်တမ်း တစ်နှစ်ပြည့်တဲ့အထိတောင် တစ်ကြိမ်တစ်ခါမှ မကြည့်ခဲ့ဖူးဘူး။
သို့သော်လည်း သူမ မောင့်ကို ယုံချင်ပါသည်။
YOU ARE READING
Min Thant Ko Ko Maung + Maung {S1}(Completed)
Romance🔞🔞🔞 ချိုပြီး မှောင်တာကြောင့် Warning ကြိုပေးထားပါတယ်ရှင်။ 🚨🚨🚨ရှောင်တဲ့သူဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။