{54}ZG

679 8 0
                                    

ဉီးကျင်ကြွယ် သားကို ဆွမ်းကပ်ရန် ဘုန်းကြီးကျောင်းကို ရောက်တော့ သားက လူထွက်သွားပြီဆိုတာ သိလိုက်ရသည်။ သားက လူထွက်သွားပေမယ့်  လုံးဝ အိမ်ပြန်မလာတော့ တစ်မိသားစုလုံး စိုးရိမ်နေရ၏။သို့သော် ​စိတ်ပူတဲ့သူများထဲတွင် ဒေါ်လေဒီမင်းတော့မပါ။

"ကိုကျင်ရယ် သားကို ရှာပါဉီး... သားပျောက်နေတာ  အခုဆို  ၅  ရက် ဖြစ်နေပြီ ... သားတစ်ခုခု ဖြစ်ရင် ယု သေလိမ့်မယ် "

"ယုရယ် စိတ်တင်းထားပါဉီး ..ကိုယ်တို့သားက ကလေးမှ မဟုတ်တော့တာ.. အသက် ၂၈ နှစ်ဖြစ်နေပြီလေ ကိုယ်လဲ ရှာနေတာပါပဲ "

"သားကို အကြာကြီး ခွဲပြီး ပြီ ...အခု ထပ်ပြီး မခွဲ နိုင်တော့ဘူး အဟင့် ...အဟင့် ..ရွှတ်"

ဉီးကျင်ကြွယ်ရင်ခွင်ထဲ ဝင်ပြီး ဒေါ်ယုယမင်းခမျာ သားကြောင့် ပူဆွေးနေရသည်။
ပူဆွေးနေတဲ့ လင်မယားနှစ်ယောက်ရှိနေတဲ့   ရုံးခန်းထဲကို ဉီးကျင်ကြွယ်ရဲ့ မိတ်ဆွေ တစ်ဉီးက ဝင်ရောက်လာတော့ ဒေါ်ယုယမင်း ခမျာ မျက်ရည်များကို သုတ်ကာ အပြင်သို့ ဒေါ်လေဒီမင်းနဲ့အတူ ရှောင်ထွက်သွားလိုက်၏ ။

အခန်းထဲ ဝင်လာသူမှာ ခေါ်စားတည်းခိုခန်းပိုင်ရှင် ဉီးကက် ဖြစ်သည်။အရပ်က အရမ်းမရှည်သော်လည်း မွန်တိုင်းရင်းသားပီပီ ဝင်းဝါတဲ့ အသားအရည်ရှိပြီး ထူးခြားသည်က ဆံပင်အပြင် မျက်ခုံးမွှေးတို့က အစ ဖြူဖွေးသည်။

ဉီးကက်ဟာ ဟိုတယ် လုပ်ငန်းအပြင် ဆန်လက်ကား ရောင်းဝယ်ရေးကိုပါ လုပ်ကိုင်တာကြောင့် ဉီးကျင်ကြွယ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသည်။

"အနှောင့်အယှက်ဖြစ်သွားရင် Sorry အကိုရာ "

"မဖြစ်ပါဘူးဗျာ... ဘာများ အလိုရှိလို့ပါလဲ"

"ဒီဘက်လာရင်း ဆန်ပါ လာမှာတာပါ ။ အရင်နှစ်က ဂိုထောင်ထဲ မိုးရေဝင်သွားတော့ ဆန်တွေက အောက်ပိုင်းတွေ တော်တော် ပျက်စီးသွားတယ်။ အဲ့ဒါကြောင့် ရောက်လက်စ နဲ့ တစ်ခါထဲ ဝင်လာလိုက်တာ အကိုရေ"

"ဝန်ထမ်းတွေ လွှတ်လဲ ရပါတယ်ဗျာ ...ဖုန်းဆက်လိုက်လဲ အသင့်ပဲဟာကို "

"ကျွန်တော်လဲ အားနေလို့ပါ။ ဒါနဲ့ အကို့သား လေး ကိုတောင် ကျွန်တော့်တည်းခိုခန်းမှာ တွေ့မိလိုက်သေးတယ်"

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now