{51}Uni

2.9K 92 20
                                    

မောင်စကားပြောဖို့ အကြိမ်ကြိမ်ကြိုးစားတိုင်း မင်းသန့်က စကားလုံးဝ အပြောမခံဘဲ နှုတ်ခမ်းတွေကိုသာ အကြိမ်ကြိမ် နမ်းတာကြောင့် နောက်ဆုံးတော့ မောင့် ဘက်ကပဲ တစ်ထစ် ထပ်လျှော့ရပြန်သည်။

မင်းသန့် ဘယ်လောက်ပဲ ကြမ်းကြမ်း စည်းလွတ်ဝါးလွတ်တော့ မဖြစ်။ မင်းသန့်က လုပ်ချင်တာလဲ လုပ်သလို လုပ်သင့်တာလဲ လုပ်သည်။
အတိုင်းထက်အလွန် မဖြစ်အောင်လဲ ဆင်ခြင်သည်။

တစ်ချီဆိုသည့်အတိုင်း တစ်ချီပြီးတဲ့အခါ ပင်ပန်းနေတဲ့ မောင့်ကို သန့်ရှင်းရေးလုပ်ပေးပြီးတာနဲ့ မျော့မျော့လေး ဖြစ်နေတဲ့ မောင့်အား ရင်ခွင်ထဲမှာ ထွေးပွေ့ထားကာ ဘာစကားမှ မပြောကြဘဲ ဖက်အိပ်ကြသည်။

တစ်ညနေလုံးမှ စလို့ နောက်တစ်နေ့ မနက်အထိ ဘာအစားမှ မစားဘဲ တစ်ညလုံး အပြာရောင်ညကို  ဖြတ်သန်းပြီးနောက် မောင် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချလိုက်တော့သည်။

"နောက်တစ်ခါ ခင်ဗျား အလှည့်ပဲ ကိုကို "

မျက်ကွင်းလေးတွေ ညိုကာ နှုတ်ခမ်းတွေပေါက်နေတဲ့မောင်က  မင်းသန့်ဖက်ထားတာကို မရုန်းသော်လည်း ဘာစကားမှမပြောဘဲ မျက်စောင်းသာ ထိုးနေတာမို့ မင်းသန့် အသည်းယားလာမိသည်။

မောင့်ရဲ့အသည်းယားစရာ မျက်နှာဘေးလေးကို သဘောကျလွန်းလို့ မောင့်ရဲ့မျက်နှာ တစ်ခုလုံးကိုသာ တပြွတ်ပြွတ် နဲ့ အနမ်းတွေ ဆက်လိုက်မိသည်။

မောင့်ရဲ့ နဖူးလေးတွေ ပါးလေးတွေကို နမ်းနေရင်း ကိုယ်ငွေ့ငွေ့လေး ရနေပြန်တော့ သူ့မှာ စိတ်မကောင်း ဖြစ်ရပြန်သေးသည်။

တစ်ညလုံး ပင်ပန်းထားတာကြောင့် မောင်က အိပ်ငိုက်နေသေးသည်။

"နဂါးမျက်စောင်းပဲ ထိုးမနေနဲ့
နဂိုကထဲကိုက ဒီကောင်က ခင်ဗျားလေးနဲ့တွေ့ရင် ပြာကျ ပြီးသား"

မင်းသန့်မှာ မောင့်ကို တစိမ့်စိမ့်ကြည့်ရင်း အသည်းယားတဲ့ အခါ မောင့်ပါးလေးကို တရွှတ်ရွှတ်နမ်းမိပြန်သည်။

မောင့်ရဲ့စိတ်တွေက ကြည်မနေသော်လည်း မင်းသန့်က တရွှတ်ရွှတ်နဲ့ သူ့မျက်နှာတစ်ပြင်လုံး နေရာလပ်မကျန် နမ်းတဲ့ အခါ ကြည်နူးပီတိလေးဖြစ်ရသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now