{38}ZG

933 10 0
                                    

မင်းသန့်ကိုကိုမောင်အနေနဲ့ မလွတ်မလပ် ဆိုဖာလေးပေါ်မှာ အိပ်ခဲ့ရတာ ရက်ပေါင်းတွေလဲ အတော်များနေခဲ့ပြီ။

ယခု ကုတင်ပေါ်မှာ အိပ်ရပြန်တော့လဲ သူ့ရဲ့ လက်မောင်းပေါ်မှာ မောင့်ကို  အိပ်စက်စေသည်။

မောင် အိပ်ပျော်နေလား မပျော်နေလား မသိရပေမဲ့ သူကတော့ အေးချမ်းမှူ့အပြည့်ဖြင့် အိပ်ပျော်သွားခဲ့သည်။မောင့်ကို ဖက်ပြီး အိပ်ရတဲ့ ခံစားချက်က တကယ်ကို စိတ်ချမ်းသာဖို့ကောင်းသည်။

ဆေးရုံခန်းထဲမှာ ကြားနေရတဲ့ အသံတွေက တိတ်ဆိတ်နေတာကြောင့် သူတို့နှစ်ယောက်ရဲ့ ကုတင် အထက်ပိုင်းမှာ ရှိနေသော တစ်ချက်ချက် နဲ့ သွားနေတဲ့ နာရီလက်တံလေးရဲ့  အသံလေးတွေက မောင့်ရဲ့နားထဲမှာ ပိုပြီးကျယ်လောင်လာခဲ့သည်။

ကိုကို့ရင်ခွင်ရဲ့ နွေးထွေးမှုကြောင့် ခဏတာ အိပ်မောကျသွားသော်လည်း အတိတ်ရဲ့ အရိပ်မဲတို့က လိုက်လံ နှောက်ယှက်ခံနေရတဲ့အတွက် သူဘယ်လိုမှ ဆက်အိပ်လို့မပျော်။

ကိုကို့ရင်ခွင်ထဲမှာ ရှိနေသော်လည်း အရင်က ပြုလုပ်ခဲ့တဲ့ မကောင်းမှူတွေက သူ့ဆီကို ပြန်လွင့်လာတော့မယ်လို့ သူ့ရဲ့ စိတ်ထဲမှာ ခံစားနေရသည်။ နိုဗယ့်အပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေ ၊ မာန့်အပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေက မျက်လုံးထဲမှာ ပုံရိပ်တွေ ထင်ယောင် ထင်မှားအဖြစ် ပြန်မြင်နေရသည်။

ကိုကိုသာ ဒီအဖြစ်အပျက်တွေကို သိသွားခဲ့ရင်ဆိုတဲ့ အတွေးနဲ့ မောင့်မှာ အရမ်းကြောက်နေရလွန်းလို့ ရူးသွားရင်ကောင်းလိမ့်မယ်တောင် တွေးနေမိသည်။ သူ ကိုကို့ အနားမှာ ပိုနီးကပ်စွာနေရလေလေ လောဘ ပိုတက်မိလာလေလေပဲ။

ခန္ဓာကိုယ်ချင်း မထပ်ထားရုံတမယ် နီးကပ်နေတဲ့ အနေအထားကြောင့် အိပ်ပျော်နေတဲ့ မင်းသန့်ကိုကိုမောင်ရဲ့ ကတုံးဆံပင်ပေါက် ခပ်ဆူးဆူးလေးကို ပွတ်သပ်ရင်း မောင်ဟာ သဘောတကျပြုံးနေမိသည်။

မင်းသန့်ကိုကိုမောင်ရဲ့ နဖူးပြေပြလေးတွေ မျက်ခုံးထူထူလေးတွေကို မောင့်ရဲ့ လက်နုနုလေးတွေနဲ့  မထိတထိလေး ထိရင်း တစ်ယောက်ထဲ သဘောတကျ ရယ်နေမိသည်။
ဒီလိုမျိုး နီးကပ်ခြင်းတွေက ယခုထက်တိုင် မယုံနိုင်စရာကောင်းသည်။ ၇ နှစ်စလုံး ဒီလူသားကို အဝေးကပဲ ငေးကြည့်ခွင့်ရခဲ့ဖူးတာမို့ အခုလို ထိတွေ့နေရတာ အိမ်မက်လိုပင် ဖြစ်နေသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now