{43} Uni

2.8K 99 17
                                    

မင်းသန့်ကိုကိုမောင် ဝှီးချဲ ပေါ်လေးမှာထိုင်နေရင်း ဆေးရုံရဲ့ ပြတင်းပေါက်ကနေ မြင်နေရတဲ့ သဇင်ပန်းတွေကြောင့် သူကိုမာဖြစ်နေတဲ့ အချိန်တုန်းက အချိန်အကြာကြီး မြင်မက်ခဲ့တဲ့ အတိတ်ဘဝကို ပြန်စဥ်းစားမိသည်။

သူ ကိုမာဖြစ်နေတဲ့ ကာလတစ်လျှောက်လုံး အိမ်မက်အရှည်ကြီး တစ်ခုကို မက်ခဲ့သည်။သဇင်ပန်းတွေ ဝေဝေဆာဆာနဲ့ လှပနေတဲ့ အမျိုးသမီးကနေ တဖြည်းဖြည်း အမျိုးသားတစ်ယောက်ပုံ ပြောင်းသွားတဲ့ ပုံရိပ်ကိုသာ အစပိုင်း ခဏ ခဏမြင်မက်ခဲ့ပေမယ့် နောက်ပိုင်းကျတော့ အတိတ်ဘဝက ပျော်ရွှင်ခဲ့ဖူးသည့် အမှတ်တရက စလို့ နာကျင်ခဲ့ရတဲ့ အခိုက်အတန့် အဆုံးအထိကို အသေးစိတ် မြင်မက်ခဲ့တာပင်။

မင်းသန့်ကိုကိုမောင်ဟာ အတိတ်ဘဝ အလုံးစုံကို မှတ်မိသွားတဲ့အပြင် မောင်က ဘယ်သူလဲ ဆိုတာပါ သိသွားတဲ့ အချိန်မှာတော့ မောင်ဟာ သူ့အနားမှာ မရှိ။

ပြန်သတိရလာထဲကိုက တစ်လ လုံးလုံး လူတစ်ယောက်လာမှာကို စောင့်နေခဲ့ပေမယ့် သူမျှော်နေတဲ့ အမျိုးသားလေးက သူ့ဆီကို တစ်ကြိမ်တစ်ခါမှတောင် ​ခြေဦးမလှည့်လာခဲ့ဘူး။တစ်လလုံး ကိုမာဖြစ်ခဲ့သည့်အပြင် သတိရလာထဲကိုက စကားလဲ လုံးဝမပြောတော့သလို လမ်းပါ မလျှောက်နိုင် ဖြစ်သွားရသည်။

သူကသာ မျှော်လင့်ချက်တွေ ကြီးစွာနဲ့ တမ်းတခဲ့ရတာ။တစ်လ လုံးလုံး ကိုမာ ဖြစ်နေခဲ့တာကြောင့် သူ့ရဲ့ ခြေထောက်တွေက လမ်းမလျှောက်နိုင်ချေ။စိတ်ကို အဆုံးထိ လျှော့ချထားတာလဲ ပါသည်။သူနိုးလာထဲကိုက သူ့အနားမှာ ရှိစေချင်ခဲ့တဲ့သူက မရှိခဲ့။

ဒီနေ့က သူ့အနားမှာ သူနာပြုတစ်ယောက်သာရှိပြီး တစ်မိသားစုလုံး သူ့အနားမှာမရှိတာကြောင့် အတွေးတွေ ပိုနယ်ချဲ့မိခြင်းပင်။

မင်းသန့် သဇင်ပန်းတွေကို ငေးကြည့်နေရင်း စိတ်ထဲမွန်းကြပ်လာတဲ့အတွက် အပြောင်းအလဲဖြစ်အောင် အပြင်ထွက်သွားချင်သည်။

ထို့ကြောင့် သူ့ဘေးနားမှာရှိနေတဲ့  သူနာပြုကို မျက်တောင်လေး ခတ်ပြလိုက်တာနဲ့ သူနာပြုက အလိုက်သိစွာ မင်းသန့်ရဲ့ ဝှီးချဲ လက်ကိုင်လေးကို ကိုင်ရင်း အပြင် ထွက်မယ်အလုပ် တံခါးလေး အနည်းငယ် ဟရုံရှိသေး ၊အိမ့်မှူးသခင်နွယ်နဲ့ ဖေကြီးတို့ရဲ့ အပြန်အလှန် အော်ဟစ် သံတွေကို ကြားရတဲ့ အပြင် မထင်မှတ်ပဲ မောင် ထောင်ကျသွားတယ်ဆိုတဲ့ အသံကိုပါ ကြားရတာကြောင့် ရင်ထဲမှာ တင်းကျပ်သွားပြီး ကူကယ်ရာ မဲ့သလို ခံစားသွားရသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now