သွေးနံ့တွေ လှိုင်လှိုင် ထနေတဲ့ အခန်းလေးထဲတွင် စိတ်လွတ်စွာနဲ့ ကျာပွတ်ကို ညာဘက်လက် နုနုလေးတွေ နဲ့ ကြမ်းတမ်းစွာ ဖြင့် ကုတင်ဘေးမှာ မတ်တပ်ရပ်ကာ အငြှိုးအတေးကြီးစွာ ကိုယ်လုံးတီး ဖြစ်နေတဲ့ အမျိုးသားငယ် တစ်ဉီးအား ဆက်တိုက် ရိုက်နှက် ညှင်းပန်းနှိပ်စက်နေတဲ့ အိမ့်မှူးသခင်နွယ်အား ကြည့်ရင်း ဉီးကိုကိုအောင် ရင်ထဲမှာ အံ့သြခြင်းတွေ ပြည့်နှက် သွားခဲ့ရသည်။
ငယ်စဉ်အခါထဲကိုက လက်ဝှေ့၊ တိုက်ကွမ်ဒို တို့ကို စနစ်တကျ သင်ယူတတ်မြောက်ထားသော်လည်း အိမ့်မှူးသခင်နွယ်ရဲ့ အပြုအမူ အနေအထိုင် အကျင့်စရိုက်တို့သည် နူးညံ့ခြင်းသာ ရှိခဲ့သည်။ဘယ်တုန်းကမှ သူမရဲ့ အမှောင်ဘက်ချမ်းကို မထုတ်ပြခဲ့။
ချစ်ရတဲ့ တစ်ဉီးတည်းသော သမီးလေးဟာ နူးညံ့ခြင်းတွေ ကွယ်ပျောက်နေပြီး သရဲ ဘီလူး စီးနေသကဲ့သို့ မြင်မကောင်းလောက်အောင် သွေးတို့ဖြင့် ဖုံးလွှမ်းနေသည့် အမျိုးသားငယ်လေးအား ရိုက်နှက် နှိပ်စက်နေသည်ကို ကြည့်ရင်း ဉီးကိုကိုအောင် ၏ အသည်းနှလုံးများ အစိမ်းလိုက် ဆွဲထုတ်သကဲ့သို့ ခံစားလိုက်ရသဖြင့် ဤ ဖြစ်ရပ်အား တားမြစ်ရန် ဘယ်တုန်းကမှ သားသမီးတွေအပေါ် လေသံမာမာဖြင့်တောင် မဆက်ဆံခဲ့ဖူးတဲ့ ဖခင်ဟာ နာမည် တစ်လုံးချင်း ကို တစ်ဖြတ်ချင်း ခေါ်ဆိုလိုက်သည်။
"အိမ့် မှူး သ ခင် နွယ် !!!"
အိမ့်မှူးသခင်နွယ်ဟာ စိတ်လွတ်နေသည့် လူတစ်ယောက်သဖွယ် အသက်တောင် ရှိသေးရဲ့လား မသေချာတဲ့ ကိုယ်ခန္ဓာ တစ်ခု အား ဆက်တိုက် ရိုက်နေဆဲပင် ဖြစ်သည်။
အခန်း၏ အဝ မှ ဖခင်၏ ခေါ်သံ ကိုပင် မကြားနိုင်လောက်သည် အထိ အိမ့်မှူးသခင်နွယ် ၏ ဒေါသတို့သည် အဆုံး အစ မဲ့လွန်းသည်။
"မောင်... နင်က အချို အရမ်း ကြိုက်တာလေ ငါ့ရိုက်ချက်တွေ က ချိုရဲ့လား ?
စကား ပြန်ပြောလေ မောင် ..
နင် သိပ်ကြိုက်ပါတယ် ဆို တဲ့ အရာတွေကြီး ပဲ ငါ လုပ်ပေးနေတာလေ မောင်...
အော် ပါ အော်လိုက်စမ်းပါ မောင်ရဲ့...
မောင် က သခင့် ကို ပဲ ချစ်တာပါဆို
ငါ့ မောင်ကို ကျတော့ မုဒိမ်းကျင့်ပြီး
ငါ့အကို ကို လဲ ချစ်တယ်တဲ့ ခွေးကောင် ~~~"
![](https://img.wattpad.com/cover/354940103-288-k617663.jpg)
YOU ARE READING
Min Thant Ko Ko Maung + Maung {S1}(Completed)
Roman d'amour🔞🔞🔞 ချိုပြီး မှောင်တာကြောင့် Warning ကြိုပေးထားပါတယ်ရှင်။ 🚨🚨🚨ရှောင်တဲ့သူဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။