မင်းသန့်ကိုကိုမောင်အား ဖုန်းနဲ့ ပစ်ပေါက်မှာကို မြင်တာနဲ့ မောင် ပြာပြာသလဲ မင်းသန့်ကိုကိုမောင် အရှေ့ကနေ ဖက်ပြီး ကျောပေးကာ ကာပေးလိုက်၏ ။
သူ နာကျင်ရတာ ကိစ္စမရှိပေမဲ့ သူ့ကိုကို ကိုတော့ မနာကျင်စေချင်ပေ။
ဒေါ်နီလာမင်း ပစ်လိုက်တဲ့ ဖုန်းက မောင့်ရဲ့ ဘယ်ဘက် ပုခုံးကို ထိမိသွားပြီး မောင်နာကျင်သွားရပေမယ့် မောင့်စိတ်ထဲ ပျော်နေမိသည်။အဓိက က ကိုကို့ကို မထိရင် ရပြီ။
မောင့်ကို ထိသွားတဲ့ အရှိန်က ပျင်းတာမို့ မောင်နာနေမှန်းသိနေတာကြောင့် မိဘတွေ ရှေ့မှာတင်ပဲ မောင့်ခန္ဓာကိုယ်လေးကို ခွလျှက် ချီလိုက်ပြီး သူ့ကိုယ်ပိုင်အခန်းထဲကို မောင့်အား ခေါ်သွားလိုက်၏ ။
"မင်းသန့်ကိုကိုမောင်တို့က ဆေးမမှီတော့ဘူး"
"အဲ့ကောင် အောက်လမ်း နဲ့ များ ထပ်လုပ်ထားလား မသိဘူး"
"မဖြစ်နိုင်ဘူး မင်းသန့် ကိုယ်တိုင်ကိုက အချစ်ကျွန် ဖြစ်သွားတာ ဥပမာ ငါ့ လိုပေါ့နော် မိန်းမလေး"
မေရှားခက်ထန်က မျက်ခုံးတစ်ဖက်အား ပင့်မကာ မင်းသခင်ခက်ထန်လေးအား ချီထားပြီး သူ့ဘေးမှာ ရပ်နေတဲ့ အိမ့်မှူးသခင်နွယ်အား ပြောသည်။
"ဟွန်း ဘယ်မှာ ချစ်ပြလို့လဲ အချစ်ပေါ့နေတာဖြင့် ကြာနေပြီကို"
အိမ့်မှူးသခင်နွယ်က အိပ်နေတဲ့ ကလေးကို ကျောလေး အသာပွတ်ပေးရင်း မေရှားကို မျက်စောင်းထိုးလိုက်သည်။
"မိန်းမလေးကို သိပ်ချစ်တဲ့ သက်သေက မိန်းမလေး လက်ထဲမှာပါနော် ...ဟွန်း တန်ဖိုးအကြီးဆုံး လက်ဆောင် ပေးထားတာကို ဟွန့်"
"ဘယ်မှာလဲ ဘာမှ မရှိဘူး "
"မိန်းမလေးနော် လက်ထဲက မင်းသခင်ခက်ထန် က ဘာကြီးလဲ "
"သားလေး ကို မွေးပေးလို့ ကျေးဇူးပါနော် မွ"
နှစ်ယောက်အတူ စနောက်နေရင်းမှ အိမ့်မှူးသခင်နွယ်က မေရှားခက်ထန်အား ခြေဖျားလေးထောက်ကာ နမ်းလိုက်၏
အကို အတွဲက ခွေးဇာတ် ခင်းသွားရုံသာမက ညီမ အတွဲကပါ တတွတ်တွတ်ဖြင့် တမွမွ နမ်းနေကြတာကို မမြင်ချင်သော်လည်း မြင်ရတဲ့ နေရာမှာ လာနေနေတာကြောင့် ဒေါ်နီလာမင်းမှာ မြင်နေရပြန်သည်။
YOU ARE READING
Min Thant Ko Ko Maung + Maung {S1}(Completed)
Romance🔞🔞🔞 ချိုပြီး မှောင်တာကြောင့် Warning ကြိုပေးထားပါတယ်ရှင်။ 🚨🚨🚨ရှောင်တဲ့သူဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။