1{ U+Z }

16.5K 374 3
                                    

"အညာမှာ စားလို့ကောင်းတာက ဘာလဲ"

"သေချာပေါက် အညာသူပေါ့"

"ဘယ်လိုစားရမလဲ"

"နှလုံးသားလေးနဲ့တွဲစားကြည့်လေ..
တစ်ခုတော့ ရှိတယ်နော် "

"ဘာများလဲ"

"မျက်ရည်တော့ ခိုင်မှ ဖြစ်မယ်နော်"

"ဟောဗျာ!!"

"ဟုပါပြီ နေခြည် ဒီကို ဘယ်တော့လာမလဲ မမပြင်ထားပေးမယ်"

"ကျွန်တော် မနက်ဖြန်လာမယ် မမ "

"ဟုပြီ ဒါဆို မမ ပြင်ထားလိုက်မယ်နော် "

"ဟုတ် ...ဒါဆို ရောက်မှ တွေ့မယ် မမ"

"ဟုပြီ ဖေဖေနဲ့ မေမေ့ကိုလည်း သတိရတယ် ပြောပေးဦး"

"ဟုပြီဗျ ဒါပဲနော် ဖုန်းချပြီ"

မမ နဲ့ ဖုန်းပြောပြီး အောက်ထပ်ဆင်းလာခဲ့တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ ဖေဖေက

"နေခြည်မောင်"

"ဗျ"

"ဟော....နေခြည်မောင် မိန်းကလေးဖြစ်နေပြီး ဘယ်လိုထူးနေတာလဲ"

မီးဖိုခန်းထဲကနေ ကော်ဖီခွက်ကိုင်ကာ ထွက်လာတဲ့မေမေဟာ ဖေဖေ့ရှေ့ကို ကော်ဖီခွက်ချပေးရင်း ဖေဖေနဲ့ နေခြည်ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ရင်း ပြောတယ် ။ထို့နောက် ဖေဖေ့ကို ကြည့်ပြီး

"အဲ့တာကြောင့် ဒီကလေး နာမည်ကို ဘာကြောင့် အနောက်က မောင်ထည့်ရတာလဲ အခုတော့ မိန်းကလေး ဖြစ်နေပြီး ကောင်လေးလိုနေနေတယ် "

"ကလေးက သူ့စရိုက်နဲ့ သူပဲလေ မေကြီးရယ် သမီးလေးအကြောင်းလည်း သိသားနဲ့ အစက ရှင်းသန့်နေခြည် လို့ပေးထားတာကို သဘောမကျလို့ နေခြည်မောင် ဆိုပြီး ပြောင်းခဲ့တာမလား"

မေမေတို့ စကားဝိုင်းကို ရှင်းသန့်က ဖြတ်ပြောပြီး

"အမြဲတန်း ဒါပဲပြောနေ မေမေရာ..
မနက်ဖြန် မမဆီ သွားလည်မို့ ပျော်သလောက်နေမှာမို့ အဆင်ပြေရင်လည်း မေမေ့ဖို့ ချွေးမရှာခဲ့မယ်"

"ရှင်းသန်နေခြည်.. ပြောလေ ဆိုးလေပါလား"

မေမေက သိပ်သဘောမကျပေမဲ့ ဖေဖေကတော့ နေခြည်ကို အကုန်ခွင့်ပြုပေးထားတယ်လေ။အငယ်ဆုံးမို့ နေခြည်က အဆိုးလေး တစ်ယောက်ပါ။

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now