"မောင်"
မောင့်ကို အော်ခေါ်လိုက်တော့ မောင်က ယမုံ့ကို ကြည့်လာသလို ဥက္ကာကလည်း ယမုံ့ကို ကြည့်လာသည်။အကြည့်ဆုံသွားတဲ့ ယမုံနဲ့ ဥက္ကာရဲ့ ကြားက လေထုဟာ တိတ်ဆိတ် အေးစက်နေခဲ့သည်လေ.....
"မောင့်ကို အထဲမှာ မတွေ့လို့ ယမုံလိုက်ရှာနေတာကွယ်"
မောင့်ဘေးလာရပ်လို့ မောင့်လက်ကလေးကိုချိတ်ကာ မူပိုနေတဲ့ ယမုံ့ကို ကြည့်ကာ ဥက္ကာက
"ဒီက ယမုံခင်က ရှင်းသန့်ကိုတော့ တော်တော်ခင်တာပဲနော်"
ဥက္ကာအပြောကြောင့် ယမုံတစ်ယောက် ဥက္ကာကိုကြည့်ကာ
"ဟုတ် ယမုံက မောင့်ကို တွယ်တာ တာပါ ကိုဥက္ကာမောင်"
"သိပါတယ်ဗျာ ယမုံက ကျွန်တော် ယမုံ့ဆီကနေ ရှင်းသန့်ကို လုမှာစိုးနေတာမလား"
စသလိုလိုနဲ့ အတည်ပေါက်မေးလာတဲ့ ဥက္ကာကြောင့် ေခါင်းလေးအသာရမ်းလို့
"အို....မဟုတ်တာ ယမုံ မစိုးရိမ်ပါဘူး "
"မသိပါဘူးဗျာ ယမုံက ရှင်းသန့်ကို ကျွန်တော်လုမှာ စိုးလို့များ ကျွန်တော့်ကို အမြင်စောင်းနေသလားလို့ပါ"
ဥက္ကာရဲ့ အပြောကို ယမုံက အကြည့်ခပ်စူးစူးတစ်ချက်ဖြင့်သာ တုန့်ပြန်လိုက်သည်။တိတ်ဆိတ်သွားတဲ့ လေထုနဲ့အတူ အကြည့်ချင်း စစ်ထိုးနေတဲ့ ယမုံတို့နှစ်ယောက်ကြောင့် မောင်ကပဲ ကြားကနေ
"ဥက္ကာ သွားစရာရှိသေးတယ်ဆို နောက်မကျခင် သွားတော့လေ"
မောင်ပြောမှပဲ ဥက္ကာက မောင့်ကို ပြုံးပြကာ လက်မှနာရီကို တစ်ချက်ကြည့်လိုက်ပြီး
"ဟုပါရဲ့ ကျွန်တော်လည်း သွားစရာရှိသေးတော့ ဒီနေ့တော့ ပြန်ပါတော့မယ် နောက်များတော့ ထမင်းစားဖိတ်မယ်မလားရှင်းသန့်"
"ဒါပေါ့ ဥက္ကာရဲ့ အချင်းချင်းတွေပဲကို ဖိတ်တာပေါ့"
"မနက်ဖြန် မမေ့နဲ့နော် ရှင်းသန့်"
"မမေ့ပါဘူး ဥက္ကာ"
"ဒါဆို သွားတော့မယ် ရှင်းသန့်။ပြန်ပါတော့မယ် ယမုံခင်"
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic) complete
Non-Fictionအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။
