27{U+Z}

720 29 0
                                    

"ဒီနေ့နားရက်ကို ဘယ်သွားမလို့လဲမောင်"

အပြင်သွားဖို့ ပြင်နေတဲ့ မောင့်ကို မေးကာ ကုတင်ပေါ် တစောင်းလေးထိုင်လို့ မေးဆက်ပြတော့ မောင်က

"ဒီနေ့ ဥက္ကာနဲ့ ချိန်းထားတာမို့ အပြင်သွားမလို့ပါ"

"ဥက္ကာနဲ့လား မောင်"

အလိုမကျဟန် မျက်ဝန်းတွေနဲ့ မေးလာတဲ့ ယမုံ့ဘေး ဝင်ထိုင်ကာ

"မဟုတ်ပါဘူး ယမုံ့ရဲ့ သူ့ညီမဝမ်းကွဲပါသေးတယ်လေ"

"ယမုံလည်း လိုက်မယ်မောင် "

".........."

ရုတ်တရက်ထလို့ ပြောလာတဲ့ ယမုံ့ကို ကြောင်ကြည့်မိတော့ သူလေးက လက်လေးပိုက်ကာ နှုတ်ခမ်းလေး ဆူလို့

"ဘာလဲ မောင်က ယမုံ့ကို မခေါ်ချင်ဘူးလား၊ဟုတ်လားမောင်..ယမုံတစ်ယောက်တည်း မနေခဲ့ချင်ပါဘူး ပျင်းစရာကြီးမောင်ရယ်...နော် ယမုံလည်း လိုက်မယ်ကွယ်..ယမုံမှ မလိုက်ရရင် မောင်လည်း မသွားရဘူး "

ယမုံက တကယ့်အဆိုးလေးပါပဲလေ။မောင်လည်း ပြုံးကာသာ ခေါင်းညိမ့်ပြပြီး

"ဟုတ်ပါပြီ ယမုံ လိုက်မှာမလား သွားပြင်တော့သွား ခနနေ ဥက္ကာတို့ ရောက်တော့မှာယမုံ"

မောင်ပြောတော့ ကျေနပ်သွားသည်ထင် ပြုံးလို့ ခေါင်းငြိမ့်ပြပြီး

"ဟုတ်ပြီမောင် ခနပဲစောင့် နော်"

ပြောကာသာ မောင့်အခန်းထဲကထွက် သူ့အခန်းသို့ ဝင်သွားခဲ့သည်။

..............

"ယမုံလိုက်မယ်ဆိုတာ ကျွန်တော်ကြိုသိပြီသားပါ"

"ဘယ်လို!!!"

ဥက္ကာစကားကို နားမလည်သလို မေးတော့ ဥက္ကာက ပြုံးကာသာ

"ဟုတ်တယ်လေ ယမုံက ရှင်းသန့်နောက်ကို တောက်တဲ့ ကပ်သလိုကပ်နေတာပဲကို ဟုတ်တယ်မလားရှင်းသန့်"

​မောင့်ကိုကြည့်ကာ ဥက္ကာကလည်း မေးလာသလို ယမုံ့ရဲ့ မျက်စောင်းလေးဟာလည်း မောင့်အပေါ် ကျရောက်လို့နေသည်။အနေခက်နေတဲ့ မောင်တစ်ယောက် ရတီကြောင့် အသက်ရှူချောင်ရသည်။ကားဘေးမှာ ရပ်ကာစကားပြောနေတဲ့ မောင်တို့သုံးယောက်ကို ကားထဲက ရတီက

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now