40 { U+Z }

4.7K 133 6
                                        

"တူဝေဝေ!!!!!
အမျှ...အမျှ....အမျှ.....ယူတော်မူကြပါဂုံသော် သာဓု.....သာဓု...သာဓု"

မနက်စောစောစီးစီး ဘုရားခန်းက ထွက်ပေါ်လာတဲ့ ကြေးစည်းသံနဲ့အတူ အမျှဝေသံကြောင့် တစ်အိမ်လုံးက လူတွေ အကုန်နိုးလာကြပြီး ဘုရားခန်းရှေ့မှာ စုလို့ ကြည့်မိတော့ ဘုရားခန်းထဲကနေ ယောဂီဝတ်စုံနဲ့ သိမ်သိမ်မွေ့မွေ့လေး ထွက်လာတဲ့ ရတီ။

"ဘယ်တုန်းက ရတီက ဒီလောက် ယဥ်ကျေးသွားတာလဲ မောင်"

ခင့်အမေးကို မောင်လည်း ခေါင်းလေးအသာယမ်းလို့

"မသိဘူးခင် ရတီဘာဖြစ်နေတာပါလိမ့်"

အားလုံးက အံ့သြနေပေမယ့် မေကတော့ ရတီ့ကိုကြည့်ပြီး ရယ်နေလေရဲ့။

"ဟဲ့ မေ ရယ်စရာဘာပါသလဲ"

"နင့် နင့်မျက်နှာက ပန်ဒါဖြစ်နေတာကို"

မေ့ပြောမှ ယမုံက ရတီ့ကိုသေချာကြည့်ပြီး

"ဟုသားပဲ ရတီ ညကမအိပ်ရဘူးလား"

"ဟုတ် အဲ့တာကလေ မမခင်"

ပြောရင်း ခင့်ရဲ့လက်မောင်းကို အသာဖတ်လို့

"မမခင် ဒီအိမ်မှာ သ..သရဲရှိတယ်ထင်တယ်"

"သရဲ ဟုတ်သလား ရတီ"

"ဟုတ်တယ်မမခင်ရဲ့ ညကလေ ရတီ သရဲခြောက်ခံရတယ်"

"ဟုတ်မှ လုပ်ပါ ရတီရယ် ဒီအိမ်မှာ ခင်နဲ့ငါ နေလာတာ ကြာလှပြီ ဘာသရဲမှ မရှိပါဘူးဟ"

"ဟာ နေခြည်ကလည်း ငါကိုယ်တိုင် အခြောက်ခံရတာပါဆိုဟာ "

"ရတီ မမခင်ကို ပြောပြပါ့လား"

"ဟုတ်မမခင် အဲ့တာက ညကလေ...."

last night.....

မျက်နှာသစ်ပြီးလို့ အိပ်မယ့်ကြံမှ အခန်းထဲက ရေဘူးထဲမှာ ရေမရှိမှန်း သတိရမိသည်။ဒါ့ကြောင့် ရေဘူးကိုယူလို့ အောက်ထပ်မှာ ရေဖြည့်ဖို့ ဆင်းလာခဲ့တော့ နာရီက 12 ထိုးနေပြီ။အောက်ထပ်ရောက်တော့ မီးဖွင့်ပေမဲ့ မီးပျက်နေတာမို့ ဖုန်းမီးနဲ့သာ မီးဖိုခန်းထဲ သွားပြီး ရေထည့်ရင်း

"ခွမ်း!!!!"

ရုတ်တရက် အနောက်ဘက်က ပန်းကန် ကွဲသံကြောင့် တစ်ကိုယ်လုံးဟာ တုန်ခနဲ။အနောက်လှည့်လို့ မီးထိုးကြည့်တော့ ကြမ်းပြင်ထက်မှာ ကျကွဲနေတဲ့ ပန်းကန်စတွေ ။ဒီတိုင်း ကြွက်တွေ သောင်းကျန်းတာလို့ တွေးပြီး ရေဖြည့်ကာ သွားမလို့ကြံနေတုန်း

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now