6{ U+Z }

3.8K 209 2
                                    

အဖြူရောင် တံခါး တစ်ချက်ကို ဖွင့်ပြီး ဝင်လိုက်ချိန်မှာ ခင့်တစ်ကိုယ်လုံး တောင့်သွားရတဲ့ထိ နှလုံးသားကနာကျင်လွန်းပြီး ခေါင်းထဲလည်း ဗလာဖြစ်ခါ

ဘယ်ဘက် လက်ကောက်ဝတ်မှာ ဓားရာနဲ့ သွေးအိုင်ထဲ လဲနေတဲ့ မိန်းကလေး တစ်ဦးဆီ ပြေးကာ ရင်ခွင်ထဲ ဆွဲပွေ့လိုက်တော့ ပါလာတဲ့ ကိုယ်လေးဟာ အေးစက်မှုအပြည့် ဖြူဖျော့နေပြီဖြစ်တဲ့ အသားရောင်နဲ့ ရင်ခွင်ထဲက မိန်းကလေးရဲ့ မျက်နှာလေးကို  လက်တစ်ဖက်နဲ့ အုပ်ပြီး

"ယမုံ.....ယမုံ......ညမလေး"

ထွက်လာတဲ့ စကားလုံးတွေဟာလည်း လုံးထွေးလျက် ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်များဟာ ပင်လယ်ပြင်လို
ရင်ထဲမှာလည်း မုန်တိုင်းတိုက်နေပြီး နှလုံးသားကတော့ သေလုမတတ် ဆို့နစ်နာကျင်နေသည်။

"ယမုံ......မမ လာပြီလေ......
မမ..မမ..ကို ထကြည့်ပါဦးကွယ်..."

ခင်ဘယ်လောက်ပြောပြော ဘယ်လောက်ခေါ်ခေါ် ရင်ခွင်ထဲက ကိုယ်လေးဟာ ငြိမ်သက်စွာ အေးစက်နေလေရဲ့။ခင်လည်း ဒေါသဖြင့်

"ယမုံခင်......မမ ပြောနေတယ်လေ
ထတော့လို့ မထရင် စိတ်ဆိုးတော့မှာနော်"

ငိုသံတွေနဲ့ ပြည့်နေတဲ့ အခန်းလေးဟာ နာကျင် ကြေကွဲမှုများစွာကို ပေးစွမ်းနေလေရဲ့။အသံတွေ မထွက်နိုင်တော့တဲ့ထိ ရင်ထဲက စို့နစ်လာတဲ့အခါ ရင်ခွင်ထဲက ကိုယ်လေးကိုသာ တင်းတင်းဖတ်လို့ မျက်ဝန်းက မျက်ရည်များဟာ မစဲတော့ပါ။

"ခင်.....ခင်"

ခင့်ရဲ့ နားထဲ တစ်ချက်တစ်ချက်ကြားနေရတဲ့ ခေါ်သံ။

"ခင်....ခင်..."

ခေါ်သံဟာ စိတ်လာတော့ တစ်ခန်းလုံး အဖြူရောင် အလင်းတန်းတွေ ဖြစ်သွားပြီး ခင်မျက်လုံးဖွင့်လိုက်တော့ ခင့်ကို စိုးရိမ် မျက်ဝန်းတွေနဲ့ ကြည့်နေပြီး ခင့်လက်ကို ဆုတ်ကိုင်ပေးထားတဲ့မောင်

မောင့်ကို မြင်မှ ဒါဟာ အိပ်မက်ဆိုတာ ခင်သိလိုက်သည်။ထိုအိပ်မက်ဟာ ခင့်ကို ခြောက်လှန့်နေတဲ့ ခင် ရုန်းမထွက်နိုင်သေးတဲ့ ခင့်ရဲ့ ကြောက်စိတ်ပဲ။

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now