15{U+Z}

4.9K 171 5
                                        

"ကလင်...ကလင်...ကလင်..."

မနက်စောစော မြည်လာတဲ့ ဖုန်းသံကြောင့် ခင်တစ်ယောက် ဖုန်းကိုကိုင်လိုက်တော့ တစ်ဖက်က ရတီ့ရဲ့ အသံဟာ စိုးရိမ်နေပုံ ဆိုတာထက် ထိန့်လမ့်နေပုံပါပင်။

"hello ရတီ.... မောင်မနိုးသေးဘူးကွဲ့"

"ဟို...ဟို...မမခင်... "

"ပြောလေ ရတီ"

"ရတီ..ရတီလေ....သူ့...သူ့ကို တွေ့လိုက်တယ်။"

အလန့်တကြားပြောလာတဲ့ ရတီ့ကြောင့် အိပ်ချင်ကိုပြေသွားသလိုပင် မောင်ကအိပ်နေတုန်းမို့ ခင်လည်း ကုတင်ပေါ်ကဆင်း ဝရံတာဘက် ထွက်ခဲ့သည်။

"ပြော ရတီ.... ဘယ်သူ့ကို တွေ့လိုက်တာလဲ "

"မမခင်...ဟို...ဟို..."

"ကဲ ပြောပါရတီရယ် မမခင် နားထောင်နေပါတယ်"

"ရတီ...ရတီ...ယမုံ...ယမုံ့ကို တွေ့လိုက်တယ် မမခင်"

ရတီ့ရဲ့ စကားအဆုံး နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားသူက ခင်။ရင်ဘက်ထဲက နှလုံးခုန်သံကိုပင် သေချာစွာ ကြားရတဲ့ထိ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဝဲတတ်လာတဲ့ မျက်ရည်တွေနဲ့ စို့နစ်လာတဲ့ အသံဟာ အားယူကာပင်

"ရ...ရတီ...ဘာ...ဘာပြော လိုက်တယ်"

"ဟုတ်တယ် မမခင်..ရတီ ယမုံခင့်ကိုတွေ့ခဲ့တယ်"

"ယ...ယမုံခင်..."

"ဟုတ် မမခင် ရတီတို့ တစ်နေရာရာမှာ တွေ့ရအောင်"

"ဟုတ်ပါပြီ မမခင် လာခဲ့မယ် အော် ရတီ မောင့်ကိုတော့ လျှို့ဝှက်ထားပေးဦးကွယ်"

"စိတ်ချပါ မမခင် ရတီလည်း သိပ်တော့ မသေချာပေမဲ့ပေါ့"

"အင်းပါကွယ်...ကျေးဇူးပါ ရတီ"

"ရပါတယ် မမခင်"

ချသွားတဲ့ ဖုန်းလေးကို ကြည့်လို့ ပင့်သက်ရှိုက်မိတော့ မျက်ဝန်းအစုံဟာ အခန်းထောင့်က စားပွဲပေါ်က ဓာတ်ပုံလေးဆီ အလိုလို ရောက်သွားခဲ့သည်။နှုတ်ကလည်း တိုးဖွစွာပင်

"ငါးနှစ်...ငါးနှစ်ရှိပြီ ယမုံ..... တကယ်ပဲ အသက်ရှင်နေသေးတာလား ညီမလေးရယ်"

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now